3 May 2024

ထိုင်းနိုင်ငံ ချွန်ဖော်ခရိုင်အတွင်းက ဝပ်ခေါင်ကဲ့ယောက်ဘုန်းကြီးကျောင်းမှာ သတင်းသုံး နေတဲ့ သံဃာတွေဟာ အုပ်စုဖွဲ့ မူးယစ်ဆေးဝါးသုံးစွဲလေ့ရှိတာကြောင့် ရပ်ကွက်ကရဲတိုင်ဖမ်းခဲ့တဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။

 

ထိုင်းနိုင်ငံချွန်ဖော်ခရိုင် နာကရပ်တန်မြို့နယ် ထာ့စဲ့ကျေးရွာမှာရှိတဲ့ ဝပ်ခေါင်ကဲ့ယောက်ဘုန်းကြီးကျောင်းမှာ ကျောင်းထိုင်ဆရာတော်အပါအဝင် သံဃာတွေဟာ နေ့စဉ် အုပ်စုဝိုင်းဖွဲ့ပြီး ဘုန်းကြီးကျောင်းအတွင်းမှာ မူးယစ်ဆေးဝါးသုံးစွဲမှုတွေရှိနေတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက တိုင်ကြားလာခဲ့တာကြောင့် ၂၀၂၁ နိုဝင်ဘာလ ၁၁ ရက်နေ့ ၁၈.၀၀ အချိန်ခန့်က ခရိုင်ရဲတပ်ဖွဲ့ဝင်များဦးဆောင်ပြီး မူးယစ်နှိမ်နင်းရေးတပ်ဖွဲ့ တို့က အဆိုပါ ဘုန်းကြီးကျောင်းကို ဝင်ရောက်ရှာဖွေခဲ့ကြပါတယ်။

 

 

 

 

ရဲတပ်ဖွဲ့ဝင်များဝင်ရောက်စစ်ဆေးခဲ့ရာတွင် ပလတ်စတစ်ပိုက်ဖြင့်ထုပ်ထားတဲ့ စိတ်ကြွဆေးပြား ၁၀ ခုကို လက်ဝယ်မိခဲ့ပြီး ဘုန်းကြီးကျောင်း အတွင်း မူးယစ်ဆေးသုံးစွဲတဲ့ပစ္စည်းများကို ပါတွ့ရှိခဲ့ပါတယ်။ စိတ်ကြွဆေးပြားဝယ်ယူတဲ့လမ်းကြောင်းကို စစ်ဆေးမေးမြန်းခဲ့ရာ သံဃာတစ်ပါးက နိုင်သွန့်ဆိုတဲ့လူဆီက ယူလာခဲ့တာဖြစ်ကြောင်း ထွက်ဆိုခဲ့ပါတယ်။

 

အဲဒီနောက် ရဲတပ်ဖွဲ့က ဘုန်းကြီးကျောင်းတွင်း သတင်းသုံးနေထိုင်ကြတဲ့ သံဃာများနှင့် ကပ္ပိယတစ်ဦးကို ဆီးစစ်ခဲ့ရာ အကုန်လုံးဟာ မူးယစ်ဆေး သုံးထားကြောင်း အဖြေထွက်ရှိခဲ့ပါတယ်။

 

ရဲတပ်ဖွဲ့ကတော့ မူးယစ်ဆေးရောင်းချတဲ့သူတွေကိ ဖမ်းဆီးနိုင်ရန် ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။

SHARE THIS NEWS

OTHER NEWS