26 April 2024

,

ဓာတ်ပုံ Chelsea FC

အောက်တိုဘာ ၂၅ ရက်၊ ၂၀၂၁

နောဝှစ်နဲ့ပွဲစဉ်မှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့အတွက် ဘောလုံးနဲ့ဂျာစီကို မှန်ဘောင်သွင်းပြီး အမှတ်တရသိမ်းထားမယ်လို့ မေဆန် မောက် ဆို။

ချယ်ဆီးအသင်းက တန်းတက်နောဝှစ်အသင်းကို အိမ်ကွင်းမှာ ၇ ဂိုးပြတ်နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ အင်္ဂလန် ကွင်းလယ်ကစားသမား မေဆန် မောက် ဟာ ဘောလုံးနဲ့ဂျာစီအင်္ကျီကို မှန်ဘောင်သွင်းပြီးအမှတ်တရသိမ်းထားမယ်လို့ ဆိုပါတယ်။

“ဘောလုံးကိုကျနော့်အိမ်မှာပြထားမှာသေချာပါတယ် မှန်ဘောင်သွင်းထားမှာပါ ဂျာစီရောပဲ အမှတ်တရာသိမ်းထားမှာပေါ့” လို့ အသက် ၂၂ သာရှိသေးတဲ့ ကွင်းလယ်ဖန်တီးရှင်ကဆိုပါတယ်။

တချိန်တည်းမှာ စတန်းဖို့ဒ်ကွင်းမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့အပေါ် အတိုင်းထက်အလွန်ဝမ်းသာတယ်လို့ဆိုပါတယ်။

“ချယ်ဆီးအသင်းကိုကစားပေးတဲ့ပွဲစဉ်တွေမှာ ၁ ဂိုးထက်ပိုပြီး မသွင်းယူနိုင်ခဲ့ပါဘူး။ အခုလို ၃ ဂိုးသွင်းယူ နိုင်ခဲ့တဲ့အတွက် ကျနော့်အတွက်အင်မတန်တန်ဖိုးရှိအချိန်လို့ပြောနိုင်ပါတယ်။ ဒီပွဲစဉ်ကိုကျနော် အမြဲ တမ်းအမှတ်ရနေမှာပါ။ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းမှာ ၃ ဂိုးသွင်း စွမ်းဆောင်နိုင်ခဲ့တာက ဂုဏ်ယူဖွယ်ရာတစ်ခုလို့ ထင်ပါတယ်” လို့ ဟက်ထရစ်ရှင်က ဆိုပါတယ်။

သတင်း ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS