10 May 2024

အိုမီခရွန်ကိုဗစ်မျိုးကွဲသစ်ကာကွယ်ဆေးထုတ်လုပ်ရန်ပြင်ဆင်နေပြီး ထုတ်လုပ်မှုလုပ်ငန်းကိုအမြန်ဆုံးစတင်နိုင်မည်ဟု တရုတ်ဆိုင်းနိုဗက် ဆို။

 

ကာကွယ်ဆေးထုတ်လုပ်သူအသီးသီးက ကာကွယ်ဆေးအသစ်ထုတ်လုပ်သင့်မသင့်ကိုဆုံးဖြတ်နိုင်ရန်အတွက် ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲကိုလေ့လာမှုပြုလုပ်နေသည်ဟု ထုတ်ပြန်ထားပြီးနောက် တရုတ်ကုမ္ပဏီတစ်ခုဖြစ်သည့် ဆိုင်းနိုဗက်ကာကွယ်ဆေးလုပ်ငန်းကလည်း အိုမီခရွန်ကိုကာကွယ်နိုင်မည့်ကာကွယ်ဆေးကိုထုတ်လုပ်ရန်ကြိုးပမ်းနေသည်ဟု ထုတ်ပြန်လာသည်။

 

“အိုမီခရွန်မျိုးကွဲကာကွယ်ဆေးထုတ်လုပ်မှုနဲ့နည်းပညာကတော့ အခြားမျိုးကွဲတွေနဲ့တူတူပါပဲ သုတေသနပြုလုပ်မယ့်ကာကွယ်ဆေးကို ကျွန်ုပ်တို့အချိန်တိုအတွင်းပြင်ဆင်နိုင်ခဲ့တယ် ဒီမျိုးကွဲရဲ့ပိုးကိုခွဲထုတ်လာတဲ့နောက်မှာ ထုတ်လုပ်မှုအပိုင်းကပြဿနာမရှိပါဘူး” ဟု ဆိုင်းနိုဗက်က ဖော်ပြထားသည်။

 

“လိုအပ်တဲ့လေ့လာမှုတွေအရင်ပြီးဖို့လိုတယ် ကာကွယ်ဆေးအသစ်ဆိုတာဉပဒေအရအသုံးပြုခွင့်တင်ရတယ် ဒီမျိုးကွဲအတွက် ကာကွယ်ဆေးကိုအဆင့်မြှင့်တင်ရမလား အသစ်ထုတ်လုပ်ရမလားဆိုတာပြောဖို့ဆောပါသေးတယ်” ဟု ထုတ်ပြန်ထားသည်။

 

သတင်း ရွှေကရင်(ရာမညမြေ)

SHARE THIS NEWS

OTHER NEWS