27 April 2024

တရုတ်နိုင်ငံကလေဖိအားရပ်ဝန်း ပိုမိုအားကောင်းလာကာ ထိုင်းအထက်ပိုင်းကို ဖုန်းလွှမ်းနေတာကြောင့် နိုဝင်ဘာလ ၇ ရက်နေ့ကနေ ၁၃ ရက်နေ့ထိ မိုးကြီး မုန်တိုင်းရှိနိုင်ပြီး ထိုင်းပင်လယ်ကွေ့မှာ ပင်လယ်ရေ ၁ မှ ၂ မီတာ မြင့်တက်နိုင်ကာ တောင်တန်းဒေသတွေမှာ တောင်ကျချောင်းရေလျံပြီး ရေကြီးနိုင်တယ်လို့ ထိုင်းမိုးဇလက ထုတ်ပြန်ထားပါတယ်။

 

မိုးကြီးမုန်တိုင်းနှင့်ဆက်စပ်ပြီး ထိုင်း အရှေ့မြောက်ဒေသတွေကစလို့ ဘန်ကောက်မြို့ အပါအဝင် ထိုင်းနိုင်ငံအလယ်ပိုင်းနှင့် ထိုင်းနိုင်ငံအရှေ့ပိုင်းဒေသတို့တွင် အပူချိန် ၃ မှ ၅ ဒီဂရီစင်တီဂရိတ်ထိ လျော့ကျကာ ရာသီဥတုအေးခဲလာနိုင် တယ်လို့သိရပါတယ်။

SHARE THIS NEWS

OTHER NEWS