10 May 2024

ကိုဗစ်-၁၉ အစီအမံချထားခြင်းမရှိဘဲ ဖွင့်လှစ်ရောင်းချနေသည်ဟု စစ်ဆေးတွေ့ရှိပြီးနောက် စမွတ်ဆာခွန်မြို့နယ်၊ ထာ့စိုင်ကျေးရွာအုပ်စု၊ စေထကစ်လမ်းမကြီးနံဘေးတွင်တည်ရှိသည့် ထိုင်းယူနီယံဈေးနှင့်ရုံမိုက်ဈေးကို ယာယီပိတ်ထားရန် ခရိုင်ကူးစက်ရောဂါကော်မတီညွှန်ကြား။

စမွတ်ဆာခွန်ခရိုင်ကူးစက်ရောဂါကော်မတီမှ စမွတ်ဆာခွန်ခရိုင်၊ စမွတ်ဆာခွန်မြို့နယ်၊ ထာ့စိုင်ကျေးရွာအုပ်စု၊ စေထကစ်လမ်းမကြီးနံဘေးတွင်ဖွင့်လှစ်ထားသော ထိုင်းယူနီယံဈေးနှင့်ရုံမိုက်ဈေးတို့ကိုယနေ့ (၁၀-၈-၂၀၂၁) မနက်တွင်သွားရောက်စစ်ဆေးရာ ကိုဗစ်-၁၉ အစီအမံချထားခြင်းမရှိကြောင်းတွေ့ရှိရပြီးနောက် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုဖြစ်မည်ကိုစိုးရိမ်၍ ၎င်းဈေးနှစ်ခုလုံးကိုယာယီပိတ်ထားရန် ညွှန်ကြားထားပြီးယနေ့အတွင်းအမိန့်စာ ထုတ်မည်ဟုစမွတ်ဆာခွန်ခရိုင်ပြန်ကြားရေးဌာန၏လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

အဆိုပါဈေးနှစ်ခုလုံးကို တင်းတင်းကျပ်ကျပ်ကိုင်တွယ်ရန်၊ ချိုးဖောက်မှုတွေ့ရှိပါက တရားဉပဒေအရထိထိရောက်ရောက်အရေးယူဆောင်ရွက်ရန် ထာ့စိုင်အုပ်ချုပ်ရေးအဖွဲ့နှင့်ရဲတပ်ဖွဲ့ဝင်တို့ကို ခရိုင်မှညွှန်ကြားထားသည်ဟု ဖော်ပြထားသည်။

တဆက်တည်းတွင် ဈေးပိုင်ရှင်နှစ်ဦးစလုံးအား ဈေးဧရိယာအတွင်း ကိုဗစ်-၁၉ အစီအမံရေဆွဲပြီး ထာ့စိုင်အုပ်ချုပ်ရုံးထံတင်ပြရမည်ဟု ညွှန်ကြားထားသည်။ ထို့နောက် ထာ့စိုင်အုပ်ချုပ်ရေးရုံးမှ ခရိုင်ကူးစက်ရောဂါကော်မတီဆက်လက်တင်ပြပြီး သဘောထားမှတ်ချက်ရယူရမည်ဟု ဖော်ပြထားသည်။ ကော်မတီခွင့်ပြုချက်ရရှိမှာသာ ၎င်းဈေးနှစ်ခုစလုံးပြန်လှည်ဖွင့်လှစ်နိုင်မည်ဟု ဆိုသည်။

SHARE THIS NEWS

OTHER NEWS