29 April 2024

,

စပါးနှင့်လက်စတာပွဲစဉ် လက်မှတ်ဝယ်ယူထားသူများ လက်စတာနှင့် ထိုင်း Port FC ပွဲစဉ် ဝင်ကြည့်နိုင်
.
ဇူလိုင် ၂၄ ရက်၊ ၂၀၂၃
.
ထိုင်းမြေပေါ်တွင် စပါးအသင်းနှင့် ခြေစမ်းရန်လွဲချော်သွားသော လက်စတာ စီးတီးအသင်းသည် ထိုင်း Port FC အသင်းနှင့် ခြေစမ်းမည်ဟု သိရသည်။
.
ယင်းပွဲစဉ်ကို လာမည့် ဇူလိုင်လ ၂၆ ရက်နေ့ (ဗုဒ္ဓဟူးနေ့) ညနေ ၄ နာရီခွဲအချိန်တွင် ခလောင်တိန်ရှိ Port FC အသင်း၏ အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားသွားမည်ဟု သိရပြီး ထိုင်ခုံ ၅ ထောင်သာ ကန့်သတ်ထားသည် ဟု သိရသည်။
.
စပါး နှင့် လက်စတာပွဲစဉ်အတွက် လက်မှတ်ဝယ်ယူထားသော ပရိသတ်များအနေဖြင့် ယင်းလက်မှတ် ဖြင့် လက်စတာ နှင့် Port FC အသင်းတို့၏ပွဲစဉ်ကို ဝင်ရောက်ကြည့်ရှုနိုင်သည်ဟု သိရသည်။
.
.
Photo : Port FC
.

SHARE THIS NEWS

OTHER NEWS