26 April 2024

အောက်တိုဘာ ၁၄ ရက်၊ ၂၀၂၁

အွန်လိုင်းချေးငွေပေးရန်ကမ်းလှမ်းလာသော စာအိတ်အတုလင့်ခ်များကို နှိပ်ကြည့်ခြင်း၊ ကိုယ်ရေး အချက်အလက်ပေးခြင်း၊ ငွေလွှဲပေးခြင်းနှင့်အပ်လီကေးရှင်းဒေါင်းလုတ်ခြင်းမပြုရန် ထိုင်းဗဟိုဘဏ် သတိပေး။

လတ်တလောတွင် မသမာသူများက ဘဏ်ဝန်ထမ်း၊ အစိုးရဝန်ထမ်းနှင့်ချေးငွေကုမ္ပဏီဝန်ထမ်းဟု အယုံသွင်းပြီး SMS နှင့် line မှတဆင့်အများပြည်သူထံ စာအိတ်အတုပို့လာသောနည်းဖြင့် အွန်လိုင်းချေးငွေ ပေးရန်ကမ်းလှမ်းလာသည့်ဂယက်နှင့်ပတ်သက်ပြီး ၎င်းတို့ပို့လာသည့်လင့်ခ်ကိုမနှိပ်ကြည့်ရန်၊ မိမိ၏ကိုယ်ရေးအချက်အလက်များကိုမပေးရန်၊ ငွေလွှဲပေးခြင်းမပြုရန်၊ အပ်ပလီပေးရှင်းဒေါင်းလုတ်ခြင်းမပြုရန် ထိုင်းဗဟိုဘဏ်မှသတိပေးထုတ်ပြန်ထားသည်။

 

အထက်ပါအချက်များကို ပြုလုပ်မိလျှင် မိမိစမတ်ဖုန်းအတွင်းရှိအချက်အလက်များကို မသမာသူများ ခိုးယူခြင်း ခံရမည်ဟုဆိုသည်။

 

တဆက်တည်းတွင် ချေးငွေလိုအပ်လျှင် ထိုင်းဗဟိုဘဏ်၏ဝဘ်ဆိုက်သို့ဝင်ရောက်ပြီး “ချေးငွေအပ်စစ် ဆေးရန်” ခေါင်းစဉ်တွင် တရားဝင်ချေးငွေကုမ္ပဏီအမည်စာရင်းများကိုစစ်ဆေးနိုင်ပြီး တရားဉပဒေမှသတ်မှတ်ထားသောငွေတိုးနှုန်းထားနှင့်အညီ ချေးငွေအပြည့်ရရှိနိုင်မည်ဟု ဖော်ပြထားသည်။ သို့သော်ငွေချေးယူခြင်းမပြုမီ ချေးငွေစည်းကမ်းချက်များကိုသေသေချာချာလေ့လာထားရန်လိုအပ်ကြောင်း အကြံပြုထားသည်။

 

ထို့နောက် SMS စာအိတ်အတု နှင့် မသမာသူများဖုန်းခေါ်ဆိုလာခြင်းကိုလက်ခံရရှိလျှင် ဆိုက်ဘာမှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့ ဟော့လိုင်းနံပါတ် ၁၄၄၁ ထံဖုန်းခေါ်ဆိုပြီးတိုင်တန်းနိုင်သည်ဟု ဆိုသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS