3 May 2024

,

ဆံပင်ဖြူခြင်းဟာ အသက်အရွယ်ရလာတဲ့သူတိုင်းတွင် ဖြစ်လေ့ရှိတဲ့ အရာတစ်ခုပါ။ ဒါပေမယ့် ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူတာက ခန္ဓာကိုယ်က လိုအပ်ချက်တစ်ခုခုရှိနေလို့ ဖြစ်ပါတယ်။ အရွယ်မတိုင်မီ ဆံပင်ဖြူခြင်းဟာ ခန္ဓာကိုယ်အပေါ်ကြီးကြီးမားမား အကျိုးသက်ရောက်မှုမရှိသော်လည်း အောက်ပါအချက်တွေကြောင့် အရွယ်မတိုင်မီ ဆံပင်ဖြူတာ ဖြစ်နိုင်ပါတယ်။

၁. စိတ်ဖိစီးမှု

စိတ်ဖိစီးမှုဟာ ဆံပင်အရင်းမှပင်မဆဲလ်များရဲ့ လုပ်ဆောင်နိုင်စွမ်းကိုလျော့ကျစေနိုင်တယ်လို့ New York တက္ကသိုလ်မှ သုတေသနပြုချက်တစ်ခုမှာဖေါ်ပြထားပါတယ်။ ရလဒ်အနေနဲ့ဆံပင်ကမသန်တာ ဆံပင်အရောင်ပုံမှန်မဟုတ်တာ ဆံပင်ကျွတ်ခြင်းကို ဖြစ်စေတာ တွေဖြစ်နိုင်တယ်လို့သိရပါတယ်။

 ၂. ဆေးလိပ် 

ဆေးလိပ်သောက်ခြင်းက ဆံပင်၌အရောင်ခြယ်စနစ်ကိုထိခိုက်စေပါတယ်။ သင်ဟာငယ်စဉ်ကတည်းက ဆေးလိပ်ကိုစွဲစွဲ မြဲမြဲသောက်တတ်တဲ့သူတစ်ယောက်ဆိုရင် အခြားသူတွေထက် ဆံပင်ဖြူနှုန်းပိုမြန်စေပါတယ်။ ဆေးလိပ်သောက်ခြင်းက ဆံပင်ဖြူမြန်ခြင်းကို ဖြစ်စေသလို ရုပ်ပိုင်းဆိုင်ရဦ စွမ်းဆောင်ရေကိုလည်းထိခိုက်နိုင်ပါတယ်။

၃. ဗီတာမင်ဘီ၁၂ / ပရိုတိန်းပြတ်လပ်ခြင်း 

Melanin ဆိုတဲ့ဆဲလ်တွေဟာ ဆံပင်ကိုတောက်ပြောင်စေပြီး အနက်ရောင်ဖြစ်စေရန် အထောက်အကူပြူပါတယ်။ အဲဒီအတွက် ခန္ဓာကိုယ်ကပရိုတင်းဓာတ်နဲ့ဗီတာမင် B12 ကိုလုံလောက်စွာရရှိဖို့မဖြစ်မနေလိုအပ်ပါတယ်။ ပရိုတိန်းနှင့်ဗီတာမင် B12 ကိုအသား၊ ငါး၊ အသည်းနှင့်ငါးကဲ့သို့သောအသားများတွင်တွေ့ရှိနိုင်ပါတယ်။ ထို့ကြောင့် သက်သတ်လွတ်စားသူများဟာ ပရိုတိန်းနှင့်ဗီတာမင် B12 လုံလောက်စွာမရခြင်းနှင့်အခြားသူများထက်ဆံပင်ဖြူခြင်းပိုဖြစ်နိုင်ပါတယ်။

၄. မျိုးရိုးလိုက်ခြင်း

ဆံပင်အရောင်မှေးမှိန်ခြင်းက မျိုးရိုးဗီဇလိုက်နိုင်ပါတယ်။ သင်ဟာ သာမန်လူတွေထက် ဆံပင်ဖြူတာ ဘယ်လောက်မြန်လဲ နှေးလဲ သိချင်ရင် အခြားလူဦးရေ ၄ ပုံ ၁ ပုံနဲ့နှိုင်ယှဉ်ကြည့်လိုက်ပါ။ သင့်ရဲ့အသက်ဟာ ၅၀ ‌‌အောက်မှာရှိနေပြီး အခြားသူတွေထက် သင့်ရဲ့ဆံပင်ဖြူနှုန်း ၅၀ ကျော်နေရင်တော့ မျိုးရိုးလိုက်တာလို့သတ်မှတ်နိုင်ပါတယ်။

သင့်အနေနဲ့ ဆံပင်ကို မဲနက်စေချင်ရင်တော့ ဆေးလိပ်ဖြတ်ပြီး ဗီတာမင် ဘီ ၁၂ ပါရှိတဲ့ အစားအစာတွေကို စားသုံးခြင်းဖြင့် အလွယ်တစ်ကူ ဖြေရှင်းနိုင်ပါတယ်နော်။

SHARE THIS NEWS

OTHER NEWS