10 May 2024

ထိုင်းမှာအိုမီခရွန်ကူးစက်ခံရသူ ၂ ဦးထပ်မံတွေ့ရှိ !

 

ထိုင်းနိုင်ငံမှာ အိုမီခရွန် ကူးစက်ခံထားရသူ ၂ ဦးထပ်မံတွေ့ရှိတယ်လို့ ဒီဇင်ဘာလ ၈ ရက်နေ့ မနက်ပိုင်းမှာ ထိုင်းရောဂါထိန်းချုပ်ရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ သူတို့ ၂ ဦးနဲ့ဆိုရင် လက်ရှိ ထိုင်းနိုင်ငံမှာ အိုမီခရွန် ကူးစက်ခံထားရသူ ၃ ဦးရှိနေပြီဖြစ်ပါတယ်။

 

ပထမဆုံး ထိုင်းနိုင်ငံအတွင်း အိုမီခရွန်စစ်ဆေးတွေ့ရှိခဲ့သူဟာ ထိုင်းနိုင်ငံကို လာရောက်လည်ပတ်တဲ့ အမေရိကန်နိုင်ငံသား ခရီးသွားတစ်ဦး ဖြစ်ပါတယ်။

 

ဒီဇင်ဘာလ ၈ ရက်နေ့က အိုမီခရွန် ကူးစက်ခံထားရကြောင်း အတည်ပြုခဲ့တဲ့သူ ၂ ဦးဟာ နိုင်ဂျီးရီးယားနိုင်ငံသို့ အစည်းအဝေးသွားရောက်ခဲ့တဲ့ ထိုင်းအမျိုးသမီးတွေဖြစ်ပါတယ်။ သူတို့ ၂ ဦးဟာ အသက် ၃၆-၄၆ နှစ်ကြားရှိပြီ ဖြစ်ပါတယ်။

 

 

သူတို့ ၂ ဦးနှင့်အတူ အစည်းအဝေးတက်ခဲ့ကြတဲ့သူ ၂၀ ဦးအနက် ၃ ဦးဟာ ထိုင်းနိုင်ငံသားတွေဖြစ်ပြီး ကျန် ထိုင်းနိုင်ငံသား ၁ ဦးဟာ အစည်းအဝေးအပြီး ဆွီဒင်နိုင်ငံကိုခရီးဆက်ခဲ့တယ်လို့သိရပါတယ်။ အဆိုပါထိုင်းနိုင်ငံသား ၁ ဦးကိုလည်း ဆွီဒင်နိုင်ငံမှာ အိုမီခရွန် စစ်ဆေးခဲ့ရာ positive အဖြေထွက်ရှိခဲ့တယ်လို့ ဆွီဒင်အစိုးရက ထုတ်ပြန်ပါတယ်။

 

အိုမီခရွန်ကူးစက်ခံထားရတဲ့သူ ၂ ဦးဟာ ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်မျှမထိုးထားရသေးဘူးလို့ဆိုပါတယ်။ သူတို့ ၂ ဦးထံ မှာ အိုမီခရွန် ကူးစက်ခံရပြီးတဲ့နောက် အခုချိန်ထိတော့ ပြင်းထန်တဲ့ဝေဒနာတွေမတွေ့ရှိခဲ့ ရသေးဘူးလို့ သိရပါတယ်။

SHARE THIS NEWS

OTHER NEWS