26 April 2024

,

ခေါင်းရိပ်ခနဲမူးခြင်းက လူတိုင်းမှာလိုလိုဖြစ်တတ်ပါတယ်။ နေအရမ်းပူတဲ့အချိန်အပြင်ထွက်ခြင်း၊ ရေဓာတ်ပြတ်လပ်ခြင်း၊ သွေးပေါင်ကျခြင်း သွေးလည်ပတ်မှု ပုံမှန်မဟုတ်ခြင်းတို့က မူးလဲခြင်းဝေဒနာဖြစ်စေပါတယ်။ ရုတ်တစ်ရပ် ခေါင်းတရိပ်မူးနောက်ပြီး မူးလဲမလိုဖြစ်တဲ့အခါ ဘယ်လိုလုပ်သင့်လဲဆိုတာသွားကြည့်လိုက်ကြရအောင်

မူးလဲမလိုဖြစ်တဲ့အခါဘယ်လိုပြုမူမလဲ 

– ခေါင်းမူးမလိုဖြစ်တဲ့အခါ နေပူထဲမှာရှိနေတယ်ဆိုရင် အရိပ်ရှိတဲ့နေရာမှာ ခဏအနားယူလိုက်ပါ…လှဲအိပ်လို့ရတဲ့နေရာမှာ ဆိုရင်လှဲအိပ်လိုက်ပါ။

– လှေကားအဆင်းသို့မဟုတ်တက်နေတဲအချိန်မူးလဲမလိုဖြစ်ရင် ချက်ချင်း လက်ရန်းကိုမြဲဆောင်ဆုပ်ကိုင်ထားပါ အန္တရာယ်အရမ်းများပါတယ် အပေါ်ကိုဆက်တတ်ဖို့အတွက် အောက်ကို‌ ‌ဖြည်းဖြည်းချင်းဆင်းပြီး အနားယူပါ။

– လေဝင်လေထွက်ကောင်းတဲ့နေရာတွေမှာနေထိုင်ပါ မူးလဲချင်သလိုဖြစ်ရင် ရေအမြန်ဆုံး‌သောက်ပါ။

– မူးလဲမလိုဖြစ်တဲ့အခါဆိုရင် အရက်၊ ကဖင်းဓာတ်ပါတဲ့ အရည်များကိုသောက်သုံးခြင်းရှောင်ကြဉ်ပါ။

– ဆေးလိပ်သောက်ခြင်ကိုရှောင်ပါ။

– မူးလဲမလိုဖြစ်နေတဲ့အချိန်တွေမှာ ကားမောင်းခြင်း ဆိုင်ကယ်မောင်းခြင်းရှောင်ကြဉ်ပါ။

မူးလဲခြင်းဝေဒနာကိုလျှော့ချနည်း 

မူးလဲခြင်းဝေဒနာကိုလျှော့ချဖို့ ပထမဆုံးနည်းကတော့ ကျန်းမာရေးကိုဂရုစိုက်ရမှာပါ။ ကျန်းမာရေးကိုထိခိုက်နိုင်တဲ့အစား အစာတွေကိုရှောင်ခြင်း အားကစားလုပ်ပေးခြင်းကလည်း မူးဝေခြင်းဝေဒနာကိုလျှော့ချပေးနိုင်ပါတယ်။ နောက်တစ်နည်းက တော့ ဓာတ်ဆားရည်သောက်သုံးပေးခြင်း ရေကိုလုံလုံလောက်လောက်သောက်သုံးခြင်း နေပူထဲအကာကွယ်မယ့်ထွက်ခြင်း တို့ကိုရှောင်ကြဉ်ခြင်းက မူးလဲခြင်းဝေဒနာကိုရှောင်ရှားနိုင်မှာပါ။

SHARE THIS NEWS

OTHER NEWS