4 May 2024

ပိတ်ရက်ရှည်ကာလတွင် စံခလဘူရီမြို့နယ်သို့ လာရောက်လည်ပတ်သူ ၂ သိန်းနီးပါးရှိမည်ဟု ခန့်မှန်း
.
ဇူလိုင် ၃၀ ရက်၊ ၂၀၂၃
.
ဇူလိုင်လ ၂၈ ရက်နေ့မှ ဩဂုတ်လ ၁ ရက်နေ့ (၂၀၂၃) အထိ ၆ ရက်တာ ကြာြမင့်သော ပိတ်ရက်ရှည်ကာလတွင် ကန်ကျနဘူရီခရိုင်၊ စံခလဘူရီမြို့နယ်သို့လာရောက်လည်ပတ်သူ ၂ သိန်းနီးပါးရှိမည်ဟု စံခလဘူရီမြို့နယ် ခရီး သွားလာရေးလုပ်ငန်းရှင်အသင်း က ခန့်မှန်းထားသည်။
.
အဆိုပါ ပိတ်ရက်ကာလတွင် နေ့စဉ်လာရောက်လည်ပတ်သူ ၃ ထောင်ကျော်ရှိမည်ဟု ခန့်မှန်းထားပြီး မြို့နယ် အတွင်းရှိခရီးသွားလုပ်ငန်းတခုလုံးကို ဘတ် ၃၀ သန်းအထိ ဝင်ငွေရရှိစေမည်ဟု ခန့်မှန်းထားသည်။
.
တောင်ပေါ်နယ်စပ်မြို့နယ်၏ အထင်ကရနေရာများမှာ မွန်တံတား၊ ဆရာတော်ဦးဥတ္တမကျောင်း၊ ရေလယ် ကျောင်း၊ မြန်မာညဈေး၊ ဗုဒ္ဓဂါယာစေတီ စသည့်နေရာများဖြစ်သည်ဟု သိရသည်။
.
.
.
.
.
.
.
.
.
.
.
.
Photo: ข่าวภูมิภาคกาญจนบุรี

SHARE THIS NEWS

OTHER NEWS