2 May 2024

အတောမသတ်နိုင်သေးသည့်ကိုဗစ်-၁၉ အကျပ်အတည်းကို အတူတကွရင်ဆိုင်ခဲ့ကြသည့်ဝန်များအားစိတ်ဓာတ်ခွန်အားဖြစ်စေရန် ကစီကွန်ထိုင်းဘဏ်က တစ်ဦးလျှင် ဘတ် ၁ သောင်းထောက်ပံ့။

 

အတောမသတ်နိုင်သေးသည့်ကိုဗစ်-၁၉ အကျပ်အတည်းကို အတူတကွရင်ဆိုင်ခဲ့ကြသည့် ကာစတန်မာများနှင့်ထိတွေ့ရသောကောင်တာရှေ့ဝန်ထမ်းများနှင့် နောက်တန်းမှထောက်ပံ့ပေးရသောဝန်ထမ်းတစ်ဦးတစ်ယောက်တိုင်းကို ကျောသားရင်သားမခွဲခြားဘဲ ဘတ် ၁ သောင်းစီထောက်ပံ့မည်ဟု ကစီကွန်ထိုင်းဘစ်မှထုတ်ပြန်ထားသည်။

 

အဆိုပါထောက်ပံ့ကြေးကို လာမည့်နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ဝန်ထမ်းများ၏ဘဏ်စုငွေစာရင်းထဲသို့ထည့်ပေးမည်ဟု ဆိုသည်။

 

ကစီကွန်ထိုင်းဘဏ်လုပ်ငန်းစုအတွင်းရှိ ဘဏ်လုပ်ငန်းဝန်ထမ်းများ (K-Companies, KBTG လုပ်ငန်းစု) နှင့် ဘဏ်လုပ်ငန်းထောက်ပံ့ရေးဝန်ထမ်းများ (P-Companies) ကို တန်းတူထောက်ပံ့မည်ဟု ဖော်ပြထားသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS