10 May 2024

အင်ဒိုနီးရှားနိုင်ငံ၏မြို့တော်ကို ဘော်နီယိုကျွန်းပေါ်သို့ပြောင်းရွှေ့ပြီး “နူဆန်တာရာ” ဟု အမည်ပေးမည်။

အင်ဒိုနီးရှားနိုင်ငံ၏မြို့တော်ကို မလေးရှားနှင့်ဘရူနိုင်းနိုင်ငံတို့နှင့်ကုန်းမြေခြင်းထိစပ်နေသည့် ဘော်နီယိုကျွန်းပေါ်သို့ပြောင်းရွှေ့ပြီး “Nusantara” ဟု အမည်ပေးမည့် ဉပဒေမူကြမ်းကို အင်ဒိုနီးရှားလွှတ်တော်ကအတည်ပြုလိုက်ပြီဟု သိရသည်။

“နူဆန်တာရာ” ဟု အမည်ပေးရခြင်းမှာ ရှေးကျပြီးလူသိများသည့်နာမည်ဖြစ်သည့်အပြင် ရိုးရှင်းပြီး “ကျွန်းစု” ဟု အဓိပ္ပာယ်ရ၍ ကျွန်းစုနိုင်ငံတစ်နိုင်ငံဖြစ်သောအင်ဒိုနီးရှားနှင့်လိုက်ဖက်မှုရှိသည်ဟု ဆိုသည်။

ဂျာဗားကျွန်းပေါ်တွင်တည်ရှိသော မြို့တော်ဂျကာတာတွင် နှစ်စဉ်မြေနိမ့်ကျလာမှု နှင့်လူနေထူထပ်မှုကြောင့် မြို့တော်ပြောင်းရွှေ့မည့်စီမံကိန်းကို ပြီးခဲ့သည့် ၃ နှစ်ကတည်းကအဆိုပြုခဲ့သည်ဟု သိရသည်။

မြို့တော်အသစ်တည်ဆောက်ရန်အတွက် အင်ဒိုရူပီယာ ၄၆၆ ထရီလျံ (ဘတ် ၁ ထရီလျံ) သုံးစွဲမည်ဟု ဖော်ပြထားသည်။

အဆိုပါ မြို့တော်ပြောင်းရွှေ့မှုကြောင့် အရှေ့ဘက်ရှိ ကာလီမန်တန်ကျွန်းဆီကို ဖွံ့ဖြိုးတိုးတက်မှုများယူဆောင်လာမည်ဟု ခန့်မှန်းထားသည်။

 

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS