1 May 2024

ဩဂုတ် ၁၇ ရက် ၂၀၂၁

 

ယခုနှစ် ပထမ ၃ လပတ်အထိထိုင်းလုပ်ငန်းရှင်းများက ဟောင်ကောင်တွင် ဘတ် ၇၀.၇ ဘီလျံဖြင့် အများဆုံးသွားရောက်ရင်းနှီးမြှုပ်နှံမှုပြုထားပြီး

 

အများစုမှာ မိုင်းတွင်းလုပ်ငန်း၊ငွေကြေးနှင့်အာမခံလုပ်ငန်း နဲ့အဖျော်ယမကာလုပ်ငန်းတွေဖြစ်တယ်လို့ စီအိုင်အမ်ဘီထိုင်းဘဏ်က ဖော်ပြထားပါတယ်။

 

.

ပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက်နေ့ အာဆီယံနေ့မှာ အာဆီယံဒေသတွင်းထိပ်တန်းဘဏ်တစ်ခုဖြစ်တဲ့ စီအိုင်အမ်ဘီထိုင်းဘဏ်က ကိုဗစ်မုန်တိုင်းကြားက

 

အာဆီယံရင်းနှီးမြှုပ်နှံမှုကိုသုံးသပ်ခြင်း “ASEAN Outlook Amid COVID-19 Storm” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ခုကျင်းပခဲ့ပါတယ်။

 

 

 

အဆိုပါ ဆွေးနွေးပွဲမှာ ၂၀၂၁ ခုနှစ် ပထမ ၃ လပတ်အထိ ထိုင်းစီးပွားရေးလုပ်ငန်းရှင်းများက ပြည်ပသို့သွားရောက်ရင်းနှီးမြှုပ်နှံမှု

 

(Thai Direct Investment : TDI) ပြုထားတဲ့ အများဆုံး ၁၀ နိုင်ငံစာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။

 

 

ယင်းနိုင်ငံတွေကတော့ ဟောင်ကောင် ဘတ် ၇၇,၂၅၇ သန်း၊ ယူကေ ဘတ် ၂၃,၃၃၇ သန်း၊ နယ်သာလန် ဘတ် ၁၂,၁၃၇ သန်း၊ လာအို ဘတ် ၃,၇၀၇ သန်း၊

 

မောရစ်ရှ ဘတ် ၂,၅၀၇ သန်း၊အင်ဒိုနီးရှား ဘတ် ၂,၅၀၇ သန်း၊ တရုတ် ဘတ် ၂၁၀၁ သန်း၊ ဘရစ်တစ်ဗာဂျင်းအိုက်စလန် ဘတ် ၁,၂၉၀ သန်း၊

 

ထိုင်ဝမ် ဘတ် ၇၄၇ သန်း၊ ဗီယက်နမ် ဘတ် ၄၆၅ သန်း အသီးသီးရပ်တည်နေတယ်လို့ ဖော်ပြထားပါတယ်။

.

ထိုင်းစီးပွားရေးလုပ်ငန်းရှင်းတွေသွားရောက်ရင်းနှီးမြှုပ်နှံမှုပြုတဲ့ အများဆုံးလုပ်ငန်း ၁၀ ခုကိုလည်းဖော်ပြထားပါတယ်။

 

သတ္တုနဲ့ကျောက်တူးဖော်ရေးလုပ်ငန်း ဘတ် ၅၇,၁၇၇ သန်း၊ ငွေးကြေးနဲ့အာမခံလုပ်ငန်း ဘတ် ၃၁,၁၅၀ သန်း၊ အဖျော်ယမကာလုပ်ငန်း

ဘတ် ၆,၅၁၅ သန်း၊ လက်လီလက်ကားရောင်းဝယ်ရေးလုပ်ငန်း ဘတ် ၆,၅၁၅ သန်း၊ ကွန်ပြူတာနဲ့အီလက်ထရောနစ်ထုတ်လုပ်ရေးလုပ်

ငန်း ဘတ် ၃,၂၉၃ သန်း၊ ကုန်စည်ပို့ဆောင်ရေးနဲ့ဂိုဒေါင်လုပ်ငန်း ဘတ် ၃,၂၀၃ သန်း၊ လျပ်စစ်ဓာတ်အား သဘာဝဓာတ်ငွေ့ ရေငွေ့နဲ့လေအေး

ပေးစနစ်လုပ်ငန်း ဘတ် ၁,၃၀၃ သန်း၊ တည်းခိုခန်းနဲ့အစားအသောက်လုပ်ငန်း ဘတ် ၈၃၂ သန်း၊ ဆောက်လုပ်ရေးလုပ်ငန်း ဘတ် ၇၈၅ သန်း၊

လျပ်စစ်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း ဘတ် ၃၈၅ သန်း အသီးသီးရပ်တည်နေတယ်လို့ဆက်လက်ဖော်ပြထားပါတယ်။

 

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကစပြီး Thailand Direct Investment (TDI) ရင်းနှီးမြှုပ်နှံမှုဟာတောက် လျှောက်တိုးတက်ခဲ့သလို

ကိုဗစ်-၁၉ ကပ်ဘေးနဲ့ရင်ဆိုင်ရတဲ့ ၂၀၂၀ ခုနှစ်မှာလည်း TDI ရင်းနှီးမြှုပ်နှံမှုကို အမြင့်ဆုံးတိုးတက်စေခဲ့ပြီး ဘတ် ၅၆၄,၀၀၀ သန်းထိရှိခဲ့တယ်လို့

ဆိုပါတယ်။

 

မည်သို့ဆိုစေ အာရှဒေသရှိဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကိုဗစ်-၁၉ ရိုက်ခတ်မှုကြောင့် ၂၀၂၁ ခုနှစ် ပထမ ၃ လပတ်အတွင်း TDI ရင်းနှီးမြှုပ်နှံမှုကို

 

ဘတ် ၉,၃၀၀ သန်းသာတိုးတက်စေခဲ့ပြီး ပြီးခဲ့တဲ့နှစ်ကာလတူ ထက် ဘတ် ၁၈၁,၀၀၀ သန်းကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။

 

အလားတူ ယခုနှစ်ပထမ ၃ လပတ်အတွင်း ထိုင်းစီးပွားရေးလုပ်ငန်းရှင်များက အားဆီယံနိုင်ငံတွေမှာ ဘတ် ၂၃,၀၀၀ သန်းအထိ

 

ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ခဲ့သလို ဉရောပနိုင်ငံတွေကို ဘတ် ၃၃,၀၀၀ သန်းအထိပြောင်းရွှေ့ရင်းနှီးမြှုပ်နှံခဲ့တယ်လို့ ဆိုပါတယ်။

SHARE THIS NEWS

OTHER NEWS