26 April 2024

ဖေ့ချ်ကဆင် ၉၁ စွန်လွန်ကျေးရွာအုပ်စု၊ ကရထွန်ဘင်မြို့နယ် စမုဆာခွန်ခရိုင်ရှိ အစိမ်းရောင်အကျ်ီဝတ်တဲ့ စက်ရုံထဲက အလုပ်သမားတွေ လူစုတောင်းဆိုမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

သြဂုတ်လ ၄ ရက် ညနေ ၆ နာရီဝန်းကျင်မှာ ဖေ့ချ်ကဆင် ၉၁ စွန်လွန်ကျေးရွာအုပ်စု၊ ကရထွန်ဘင်မြို့နယ် စမုဆာခွန်ခရိုင်ရှိ အစိမ်းရောင်အကျ်ီဝတ်တဲ့ စက်ရုံထဲက အလုပ်သမားတွေ လူစုတောင်းဆိုမှုတွေ ဖြစ်ပွားခဲ့ပါတယ်။.

လူစုတောင်းဆိုရတဲ့အကြောင်းရင်းမှာ စက်ရုံထဲကမြန်မာအလုပ်သမားတစ်ဦးကို ဘာသာခြားဖြစ်တဲ့လူတစ်စုက မကျေမနပ်မှုဖြစ်ရာကနေ ဓါးနဲ့ခုတ်လိုက်လို့ လည်ပင်းနောက်ကျောမှာ အရှည် ၄ လက္မလောက်ရှိတဲ့ ဓါးဒဏ်ရာ ရရှိသွားပါတယ်။ ပြစ်မှုကျူးလွန်တဲ့သူဟာ အခင်းဖြစ်ပွားရာကနေ ထွက်ပြေးသွားခဲ့ပါတယ်။ ဒီဖြစ်စဉ်ကို လုပ်ငန်းဘက်က လစ်လျူရှုထားတယ်လို့ထင်ပြီး စက်ရုံထဲက အလုပ်သမား ၅၀၀-၈၀၀ဦးကျော်ဟာ တရားမျှတမှုရရှိဖို့ နဲ့ လုပ်ငန်းဘက်က တာဝန်ယူဖြေရှင်းပေးဖို့ လူစုတောင်းဆိုမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

 

 

အခင်းဖြစ်ပွားတဲ့အချိန်ဟာ အိုတီချိန် နံနက် ၄ နာရီဝန်းကျင်လောက်ရှိပါတယ်။ ပြစ်မှုကျူးလွန်တဲ့နှစ်ယောက် ကလဲ ၎င်းစက်ရုံထဲကအလုပ်သမား ဖြစ်ပါတယ်။ မကျေမနပ်မှုဖြစ်ရာကနေပြီး ဖြစ်သွားတာဖြစ်ပါတယ်။ သတင်းရရှိထားသလောက်ကတော့ ဒဏ်ရာရသွားတဲ့ မြန်မာလုပ်သားက “သူတို့တွေဟာ အလုပ်ထဲမှာ လေသာခိုကြတယ်ဟု” စက်ရုံထဲက အကြီးအကဲကိုတိုင်မိရာကနေ စခဲ့တာဟုသိရပါတယ်။ ထိုနောက် အကြီးအကဲ တွေခေါ်ပြောခံရတဲ့ ဘာသာခြား ၂ ဉီးဟာ မကျေမနပ်စိတ်တွေဖြစ်လာပြီး မြန်မာလုပ်သားကို ဓါးနဲ့ခုတ်မိလိုက် တာဖြစ်ပါတယ်။

သြဂုတ်လ ၄ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်လောက်မှာတော့ ဖြစ်ပွားတဲ့ကိစ္စကို စက်ရုံဘက်က ဖြေရှင်းဆောင် ရွက်ပေးဖို့၊ အလုပ်သမားအဆောင်နားမှာ မြန်မာလုပ်သားတွေ လူစုတောင်းဆိုမှုဖြစ်ပွားခဲ့တုန်းက ရာချီတဲ့ စက်ရုံထဲက မြန်မာလုပ်သားတွေပါဝင်နေပါတယ်။ ကိုယ်ပိုင်လူမှုကွန်ရက်ပေါ်ကနေ Live လွင့်ထားပြီး ၎င်းဖြစ်စဉ်ကိုတော့ တယောက်တမျိုးစီနဲ့ပြောနေတာတွေ ကြားသိနေရပါတယ်။ မြန်မာလုပ်သားကို ဘာသာခြားလူ ၅ ဦးလောက် ဝိုင်းထိုးခဲ့ကြတယ်၊ ခေါင်းကိုလဲ ရိုက်တယ်၊ ဓါးနဲ့လဲခုတ်သွားတယ်ဟု ပြောနေကြတာတွေ့ရပါတယ်။ ဒါကိုတော့ သီးခြားအတည်ပြုလို့ မရသေးပါဘူး။

 

တဆက်တည်းမှာလဲ စက်ရုံဘက်က မြန်မာအလုပ်သမားတွေ ခွဲခြားဆက်ဆံခံနေရတယ်။ အလုပ်သမား စည်းကမ်းချက်ထုတ်ထားရင်လဲ မြန်မာဘက်ကပိုတင်းကျပ်တယ်။ ဟိုအဖွဲ့က သွားလာရတယ်။ ဒီအဖွဲ့က သွားလာလို့ရတယ်။ မြန်မာတွေကတော့ သွားလာခွင့်မပေးဘူး စက်ရုံအနေနဲ့ ထိုင်း၊ မြန်မာ ဘာသာခြား တန်းတူအခွင့်အရေးပေးဖို့ နဲ့ လက်ရှိဖြစ်ပွားနေတဲ့ပြဿနာကိုလဲ မျှမျှတတ ကိုင်တွယ်ဖြေရှင်းပေးဖို့ နဲ့ အချက် ၅ ချက်ကို တောင်းဆိုခဲ့ကြပါတယ်။

 

၁၊ ပြစ်မှုကျူးလွန်ထွက်ပြေးနေတဲ့သူကို အရေးယူဆောင်ရွက်ပေးရမည်။ ၂၊ စက်ရုံအတွင်း မြန်မာသီးသန့် ဘာသာခြားတွေ သီးသန့် အဆောင်ခွဲပေးဖို့။ ၃၊ အလုပ်သမားကြိုပို့ကားတွေကိုလဲ သူ့အဖွဲ့ကား ကိုယ့်အဖွဲ့ကားခွဲထားရမည်။ ၄၊ အလုပ်သမားဆောင်မှာ ညချိန်မှာဝယ်နိုင်တဲ့ ကုန်စုံဆိုင်တစ်ခုတော့ ထားပေးရမည်။ ၅၊ စက်ရုံတွင် မည်သည့်အလုပ်သမားမဆို မျှမျှတတ် ကိုင်ကွယ်ဆောင်ရွက်ရမည်။ ” ဟု သိရပါတယ်။

 

နောက်ထပ် ဖြစ်လာမယ့် ပြဿနာတွေကို မြန်မာအလုပ်သမားအများစု စိုးရိမ်နေကြတာကြောင့် စက်ရုံဘက်ကတာဝန်ရှိသူတွေအနေနဲ့ တာဝန်ယူဖို့၊ အလုပ်သမားတွေရဲ့ လုံခြုံရေးကို တာဝန်ယူပေးဖို့ စက်ရုံထဲက အမျိုးသမီးအတွက်ကိုလဲ လုံခြုံမှုရှိအောင် ဆောင်ရွက်ပေးဖို့နဲ့ နစ်နာသူဖြစ်တဲ့ ဒဏ်ရာရ အလုပ်သမားတစ်ဦးကို စက်ရုံကအပြည့်အဝတာဝန်ယူပေးရမည်ဟု တောင်းဆိုတဲ့နေရာမှာလဲ စက်ရုံဘက်က လိုက်လျောပေးခဲ့ကြောင်း စက်ရုံထဲက မြန်မာစကားပြန်တစ်ဉီးရဲ့ ပြောစကားအရ သိရပါတယ်။

 

တောင်းဆိုနေတဲ့ကိစ္စကို လုပ်ငန်းဘက်က ဆောင်ရွက်ပေးမည်နှင့် လူစုတဲ့နေရာ ရောက်ရှိလာတဲ့ ကရထွန့်ဘင်မြို့နယ် အုပ်ချုပ်မှူးရေးအနေနဲ့ကလဲ တရားခံကို အမြန်ဆုံးဖမ်းမိအောင် ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း ကိုယ်တိုင်ဝန်ခံကတိနဲ့ ပြောသွားပါတယ်။လူစုတောင်းဆိုတဲ့ မြန်မာလုပ်သားတွေဟာ သြဂုတ်လ ၄ ရက်နေ့ ည ၈ နာရီဝန်းကျင်မှာပင် လူစုခွဲပြန်သွားကြပါတယ်။

နောက်တနေ့မှာတော့ မြန်မာအလုပ်သမားသံအရာရှိ ဉီးသူရိန်လင်းကိုယ်တိုင် သွားရောက်ညှိနှိုင်းမှုပေးခဲ့ပါတယ်။

“ စက်ရုံထဲက အလုပ်သမားတွေ တောင်းဆိုထားတဲ့အချက် ၅ ချက်ကတော့ ၄ ချက်မှာ စက်ရုံဘက်က လုပ်ပေးနိုင်တယ်။ ကျန်တဲ့အဆောင်သီသန့်ပြောင်းပေးဖို့ ကိစ္စကတော့ အခက်ခဲရှိတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိအလုပ်သမားတွေနေတဲ့အဆောင်က စက်ရုံပိုင်မဟုတ်ပဲနဲ့ တခြားပုဂ္ဂလိကပိုင်ဖြစ်တယ်။ ပြီးတော့ အဆောင်ထဲမှာဆိုရင် စက်ရုံထဲကအလုပ်သမားတွေရှိတဲ့အပြင် တခြားဘာသာခြားတွေလဲ နှစ်နဲ့ချီ စာချုပ်နဲ့ လာပြီးငှားနေတာတွေရှိတယ်။ အားလုံးကိုပြောင်းခိုင်းမယ်ဆိုရင် လူ့အခွင့်အရေးနဲ့ကြည့်ရင် ခက်ခဲတဲ့အခြေ အနေမှာရှိတယ်။ ကျူးလွန်တဲ့သူကတော့ ၂ နှစ်ယောက်လို့တော့ သိရပါတယ်။ ဒီနေ့လဲ ဒီကိစ္စကို သွားရောက်ဖြေရှင်းပေးဖို့ရှိတယ်။ “ ဟု မြန်မာအလုပ်သမားသံအရာရှိ ဉီးသူရိန်လင်းကဆိုသည်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS