10 May 2024

ဩဂုတ် ၃၁ ရက်၊ ၂၀၂၁

 

ပြီးခဲ့သည့် ဩဂုတ် ၃၀ ရက်နေ့တွင် ထိုင်းမှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့မှ နိုင်ယာနာ (ခ) နွတ် ပန့်စွတ် အသက် ၄၅ နှစ်ဆိုသူကို နွန်ထဘူရီခရိုင်၊

ဘန်ကရွေမြို့နယ်၊ ဘန်ခွန်းထောင်ကျေးရွာအုပ်စု၊ နခေါ် အင်လမ်းမကြီး၊ မူ-၄ ရှိနေအိမ်တွင်ဖမ်းဆီးခဲ့သည်ဟု သိရသည်။ ၎င်းအား ပါဖနန်

ခရိုင်တရားရုံးမှ “နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုဏ်းတွင်ပါဝင်ပါတ်သက်မှု” ဖြင့် ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက် (၂၀၁၅ ခုနှစ်) တွင် ဖမ်းဝ

ရမ်းထုတ်ထာသည်ဟု သိရသည်။

 

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တွင် ဟွားစိုင်နယ်မြေရဲစခန်းမှ ရိုဟင်ဂျာကုန်ကူးသည့်ဂိုဏ်းတစ်ခုကို နခေါ်စီးဓမ္မရတ်ခရိုင်တွင် ဖမ်းဆီးရမိခဲ့ပြီး

ကွင်းဆက်ရှာဖွေစစ်ဆေးချက်အရ နယ်မြေတော်တော်များကိုစိုးမိုးထားသည့် “ကျဲငေါ” ဂိုဏ်းချုပ်၏ဂိုဏ်ခွဲဖြစ်သည်ဟု စုံစမ်းသိရှိရပြီး

နယ်မြေခံဩဇာရှိသူများနှင့်နိုင်ငံရေးသမားများပါဝင်ပတ်သက်နေသည်ဟု တွေ့ရှိခဲ့ရသည်။

 

တဆက်တည်းတွင် ငွေကြေးခဝါချမှုတားဆီးနှိမ်နင်းရေးဗျူရိုမှငွေလမ်းကြောင်းစစ်ဆေးမှုပြုလုပ်ခဲ့ပြီး လူကုန်ကူးမှုမှရရှိလာသည့်ငွေကြေး

များကိုသိမ်းယူခြင်းနှင့်နီးစပ်သူများ၏ငွေလမ်းကြောင်းကိုစစ်ဆေးခဲ့သည်။

 

ဆက်လက်ပြီး ကျဲငေါသမီးဆိုသူ နိုင်ယနာ၏ဘဏ်အကောင့်သည် လူကုန်ကူးမှုနှင့်ဆက်နွယ်နေသည်ကိုစစ်ဆေးတွေ့ရှိရသည့်အပြင်

ငွေများသိမ်းယူမခံရမီ မိခင်ဖြစ်သူ၏ငွေကိုလွှဲပြောင်းလက်ခံပေးသည်ကိုတွေ့ရသည်။

 

ထို့နောက် သက်သေအထောက်အထားပြစုပြီး နိုင်ယနာဆိုသူကို တရားရုံးမှဖမ်းဝရမ်းထုတ်ခဲ့သည်။ သို့သော် နိုင်ယနာဆိုသူကနယ်မြေ

အတွင်းမှထွက်ပြေးတိမ်းရှောင်သွားခြင်းကြောင့် ရဲဌာနချုပ် တိုင်း-၈တွင် အမည်ပျက်စာရင်းသွင်းပြီး လိုက်လံစုံစမ်းခဲ့သည်ဟု သိရသည်။

 

ဖမ်းဆီးခံရပြီးနောက် ပြစ်မှုအားလုံးကိုငြင်ဆိုထားသော်လည်း ပါဒန်ဘေဆာနယ်မြေရဲစခန်းတွင် ငွေကြေးခဝါချမှုဖြင့်ဝရမ်းထုတ်ခံထား

ရသည်ဟု စစ်ဆေးတွေ့ရှိရ၍ ဟွားစိုင်ရဲစခန်းသို့ခေါ်ဆောင်သွားပြီး တရားဉပဒေအရအရေးယူဆောင်ရွက်သွားမည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

SHARE THIS NEWS

OTHER NEWS