2 May 2024

,

မဟာဆားရခမ်ခရိုင်က နဂါးမင်းတောင်ပို့ဂဏန်း လာပြီ
,
ဩဂုတ် ၁၄ ရက်၊ ၂၀၂၃
.
အသက် ၆၃ နှစ်အရွယ် အဖွားအနုစော မူကယောက် ပိုင်ဆိုင်တဲ့ ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း မဟာဆားရခမ်ခရိုင်၊ ကွတ်ရန် မြို့နယ်၊ နာဖိုကျေးရွာအုပ်စု၊ နောင်းဒွန်ကျေးရွာ၊ မူ-၄၊ အိမ်အမှတ် ၁၂၁-၁၂၂ ခြံဝင်းထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက တောင်ပို့တခု ပေါက်လာခဲ့ပါတယ်။
.
စိုက်ပျိုးရေးအတွက်အသုံးပြုဖို့ တူးထားတဲ့ရေကန်အနီးက ဝါးရုံနားမှာ ပေါက်လာတဲ့ ဒီတောင်ပို့ဟာ အမြင့်ပေ ၁ ဒဿမ ၂ မီတာရှိပြီး အကျယ်ကတော့ ၈၀ စင်တီမီတာ ရှိပါတယ်။
.
နေ့လည်စာချက်ပြုတ်ဖို့အတွက် ဝါးရုံဆီကို မျှစ်ချိုးလာတဲ့ အဖွားအနုစော က ဒီတောင်ပို့ကိုတွေ့ရှိခဲ့တာဖြစ်ပြီး သူမသေသေ
ချာချာဂရုစိုက်ကြည့်တဲ့အခါ တောင်ပို့ရဲ့ပုံသဏ္ဍာဟာ နဂါးမင်းနဲ့တူတယ်လို့ ဆိုပါတယ်။
.
ဒီနဂါးမင်းတောင်ပို့ဟာ အကျိုးပေးဖို့ပေါက်လာတာလို့ ရွာသူရွာသားတွေက ယုံကြည်ကြပါတယ်။ ဒါကြောင့် ပန်း၊ ဆီမီး၊ အမွှေးတိုင် စတဲ့ကန်တော့ပွဲပစ္စည်းတွေကို ကိုယ်စီယူဆောင်လာကြပြီးတော့ နဂါးတောင်ပို့ကိုကန်တော့ပြီး ဆုတောင်းကြပါ တယ်။ ဒါ့အပြင် တောင်ပို့အနားမှာ တရားလာထိုင်တဲ့သူတွေလည်းရှိတယ်လို့ အဖွားကဆိုပါတယ်။
.
နဂါးမင်းတောင်ပို့ကိုကန်တော့တဲ့ အမွှေးတိုင်ကနေရလာတဲ့ဂဏန်းကတော့ ၆၀၂ နဲ့ ၅၈ ဖြစ်ပြီးတော့ အဖွားရဲ့အိမ်အမှတ်ကို ကောက်ပြီးရလာတဲ့ဂဏန်းကတော့ ၁၂၂ နဲ့ ၁၂၁ လို့ အဖွားက ဆိုပါတယ်။
.
Photo: Hotnews มหาสารคาม
.
ဂဏန်းကောင်းတွေစုစည်းထားတဲ့ “ကံပွင့်” ပေ့ချ်
Like & Share များများလုပ်ပြီးအားပေးလိုက်ကြရအောင်
.

SHARE THIS NEWS

OTHER NEWS