26 April 2024

ဓာတ်ပုံ หนีเที่ยว

 

အောက်တိုဘာ ၁၉ ရက်၊ ၂၀၂၁

 

ဒေသတွင်းနိုင်ငံများနှင့်နှိုင်းယှဉ်လျှင် ထိုင်းစီးပွားရေးအားကောင်းနေဆဲဟု စီးပွားရေးပညာရှင်များသုံးသပ်။

 

 

ကိုဗစ်-၁၉ ရိုက်ခတ်မှုဒဏ်ကြောင့် ၂ နှစ်ကျော်ကြာ စီးပွားရေးတုံ့ဆိုင်းခဲ့သော်လည်း ဒေသတွင်း ၁၀ နိုင်ငံ နှင့်နှိုင်းယှဉ်လျှင် ထိုင်းစီးပွားရေးအခြေအနေခိုင်မာနေဆဲဟု ပြည်တွင်းစီးပွားရေးပညာရှင်တချို့က သုံး သပ်ထားသည်ဟု Bangkok Business သတင်းဌာနမှ ဖော်ပြထားသည်။

 

အစိုးရကြွေးမြည်း၊ ပြည်ပကြွေးမြည်နှင့်ပြည်ပအရန်ငွေ စသည့်ကိန်းဂဏန်းများအပေါ်အခြေခံပြီး သုံးသပ်ချက်အရ ထိုင်းစီးပွားရေးသည် အာဆီယံနိုင်ငံများနှင့်နှိုင်းယှဉ်လျှင် ခိုင်မာနေဆဲဖြစ်ပြီးစီးပွားရေးတောင့်တင်းသည့်အာဆီယံထိပ်သီးနိုင်ငံများထက် အားကောင်းနေသေးသည်ဟု တီတီဘီ စီးပွားရေးဝေဖန်သုံးသပ်ရေးဗဟိုဌာနအကြီးအကဲ (ttb analytics) ကဆိုသည်။

 

 

၂၀၂၀ ခုနှစ် ဂျီဒီပီအပေါ်အခြေခံပြီးတွက်ချက်မှုအရ ထိုင်း၏အစိုးရကြွေးမြည်သည် ဂျီဒီပီ၏ ၅၂ % ရှိပြီး ယခုနှစ်ကုန်တွင် ၅၅ % မြင့်တက်သွားမည်ဟု ခန့်မှန်းထားသည်။ အဆိုပါကိန်းဂဏန်းသည် ဒေသတွင်း ၁၀ နိုင်ငံနှင့်နှိုင်းယှဉ်လျှင် အလယ်အလတ်အဆင့်တွင်ရှိနေပြီး ဗီယက်နမ်ထမြင့်မားနေသော်လည်း မလေးရှားထက်နိမ့်နေသည်ဟု ဆိုသည်။

 

တချိန်တည်းတွင် ထိုင်းနိုင်ငံ၏ပြည်ပကြွေးမြည်သည် အတန်အသင့်နိမ့်နေပြီး နိုင်ငံ့ဂျီဒီပီ၏ ၃၇% သာရှိနေကာ ယခုနှစ်ကုန်တွင် ၃၆% မြင့်တက်လာမည်ဟု ခန့်မှန်းရ၍ ပြည်ပကြွေးမြည်အနည်းဆုံးနိုင်ငံဖြစ်သောဖိလစ်ပိုင်ထက်အနည်းငယ်သာမြင့်မားနေသည်ဟု ဆိုသည်။ ဖိလစ်ပိုင်နိုင်ငံ၏ပြည်ပကြွေးမြည်သည် ၂၇% ရှိနေပြီး ယခုနှစ်ကုန်တွင် ၂၆% သို့ထိုးကျသွားမည်ဟု ခန့်မှန်းထားသည်။

 

 

မလေးရှားနိုင်ငံ၏ပြည်ပကြွေးမြည်သည် ၆၈% တွင်ရှိနေပြီး ယခုနှစ်ကုန်တွင် ၆၉% မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။ ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်သည့် စင်္ကာပူနိုင်ငံ၏ပြည်ပကြွေးမြည်သည် ၄၁၇% ရှိနေပြီးယခုနှစ်ကုန်တွင် ၄၄၄% ရှိလာမည်ဟု ဖော်ပြထားသည်။

 

တဆက်တည်းတွင် ထိုင်းနိုင်ငံ၏ပြည်ပအရန်ငွေသည် အမေရိကန်ဒေါ်လာ ၂၄၀ ဘီလျံအထိမြင့်မားနေပြီး သွင်းကုန်တန်ဖိုး ၁၂ လစာနှင့်ညီမျှသည်ဟုဆိုသည်။ ယခင်နှစ်တွင်သွင်းကုန်တန်ဖိုး၏ ၁၅ လစာအထိမြင့်မားခဲ့သည်။ အဆိုပါ ကိန်းဂဏန်းသည် ပြည်ပအရန်ငွေ ၆ လစာသာရှိသည့်မလေးရှားထက် ၂ ဆများနေသည်ဟု ဆိုသည်။

 

 

သတင်း ရွှေကရင်(ရာမညမြေ)

SHARE THIS NEWS

OTHER NEWS