29 April 2024

,

■အာဂျင်တီးနားဂန္တဝင်ကစားသမားကြီး မာရာဒိုနာကို ဂုဏ်ပြုတဲ့အနေနဲ့ ယူရိုချန်ပီယံအသင်းနဲ့ ကိုပါအမေရိက ချန်ပီယံအသင်းတို့ကို ယှဉ်ပြိုင်ကစားဖို့ အတွက် ပရိတ်သတ်တွေက တောင်းဆို ခဲ့ကြ မှုဟာ ဒီတစ်ခါတော့ တကယ်ဖြစ်လာနိုင်ဖွယ်ရှိနေပါတယ်။

ဥရောပနဲ့ တောင်အမေရိက ချန်ပီယံနှစ်သင်း ဒီလိုမျိုးဂုဏ်ပြုပွဲကစားပေးဖို့ ပရိတ်သတ် သောင်းနဲ့ချီက လက်မှတ်ရေးထိုးတောင်းဆိုခဲ့ကြတာဖြစ်ပြီးတော့ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ် ဥက္ကဌက ဒီအပေါ်ကိုစဉ်းစားနေကြောင်း အတည်ပြုခဲ့တာဖြစ်ပါတယ်။

“ဒီလိုမျိုးပွဲဖြစ်လာဖို့အတွက်ကတော့ အိပ်မက်ပါပဲ ဒါပေမယ့် ဒီပွဲစဉ်အတွက်သက်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ်တွေဟာ စီစဉ်နေပြီပဲဖြစ်ပါတယ်။ အီတလီအသင်းဘက်ကလည်း ဒီလိုမျိုးပွဲကို ကစားပေးဖို့ဆန္ဒရှိမယ်လို့ထင်ပါတယ်” လို့ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဥက္ကဌက ဆိုပါတယ်။

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) နဲ့ တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်( CONMEBOL) တို့အကြား ဒီဂုဏ်ပြုပွဲစဉ်ဖြစ်ပေါ်လာဖို့အတွက် ညှိနှိုင်းဆွေးနွေးနေပြီး သိပ်မကြာခင်မှာပဲ အတည်ပြုထုတ်ပြန်နိုင် ဖွယ်ရှိနေပါတယ်။

မာရာဒိုနာဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက အာဂျင်တီးနားနိုင်ငံက သူ့ရဲ့နေအိမ်မှာ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာတော့ အသက် ၆၀နှစ်ရှိပြီဖြစ်ပါတယ်။

SHARE THIS NEWS

OTHER NEWS