28 April 2024

ဩဂုတ် ၃၀ ရက်၊ ၂၀၂၁

 

 

ဖိုက်ဇာအမျိုးအစား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒို့စ်ပေါင်း ၁၀ သန်းခန့် (၉,၉၉၈,၈၂၀) ထပ်မံဝယ်ယူရန်အတွက် ထိုင်းအစိုးရအဖွဲ့မှ ဘတ်ငွေ

သန်း ၅ ထောင်နီးပါး (၄,၇၄၅) ခွင့်ပြု။

 

ဖိုက်ဇာအမျိုးအစား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒို့စ်ပေါင်း ၁၀ သန်းခန့်ထပ်မံဝယ်ယူရန်အတွက် ထိုင်းအစိုးရအဖွဲ့ပုံမှန်အစည်းအဝေးတွင်

ဘတ်ငွေ သန်း ၅ ထောင်နီးပါးခွင့်ပြခဲ့သည်ဟု ထိုင်းအစိုးရအဖွဲ့ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ တြိုင်စုလီ တြိုင်သောရနကွန် ဆိုသည်။

 

အလားတူ ပြီးခဲ့သည့်ရက်ပိုင်းတွင် ဖိုက်ဇာကာကွယ်ဆေး ဒို့စ်ပေါင်း သန်း ၂၀ ဝယ်ယူရန်ခွင့်ပြုထားသည်ဟုဆိုသည်။ ထိုင်းနိုင်ငံအနေဖြင့်

လာမည့်နှစ်ကုန်အတွင်း ကိုဗစ်ကာကွယ်ဆေးဒို့စ်ပေါင်းသန်း ၁၀၀ ပြည့်မီအောင် ထိုးနှံပေးနိုင်မည်ဟု ထိုင်းအစိုးရကယုံကြည်သည်။

SHARE THIS NEWS

OTHER NEWS