29 April 2024

ထိုင်းတွင် အရေးပေါ်ထုတ်ပြန်ချက် ၂ လထပ်မံတိုးမြှင့်၊ လိမ္မော်ရောင်ဇုန် ၄၄ ခရိုင်လျှော့ချ၊ အဝါရောင်ဇုန် ၂၅ ခရိုင်တိုးမြှင့်၊ ခရီးသွား ၈ ခရိုင်တွင် ည ၁၁ နာရီအထိ ဆိုင်ထိုင်သောက်ခွင့်ပြု၊ ဇန်နဝါရီ ၂၄ ရက်နေ့အသက်ဝင်မည်။

ထိုင်းတွင် အရေးပေါ်ထုတ်ပြန်ချက်ကို ၂ လထပ်မံတိုးမြှင့်လိုက်ပြီး လိမ္မော်ရောင်ဇုန် (ထိန်းချုပ်ဇုန်) ကို ယခင် ၆၉ ခရိုင်မှ ၄၄ ခရိုင်အဖြစ်လျှော့ချလိုက်ကာ အဝါရောင်ဇုန် (အထူးစောင့်ကြည့်ဇုန်) ကို ၂၅ ခရိုင် သတ်မှတ်လိုက်သည်ဟု ထိုင်းအစိုးရရုံးက ယနေ့နေ့လယ်တွင် ထုတ်ပြန်ထားသည်။ ခရီးသွား ရှေ့ပြေး ၈ ခရိုင် ကိုပြောင်းလဲခြင်းမရှိဘဲ လာမည့်ဇန်နဝါရီ ၂၄ ရက်နေ့တွင် စတင်အသက်ဝင်စေသည်ဟု ဖော်ပြထားသည်။

အဝါရောင်ဇုန် ၄၄ ခရိုင်တွင် ဈေးဝယ်စင်တာနှင့်ကုန်တိုက်အတွင်းနှင့်ပြင်ပရှိ စားသောက်ဆိုင်များ၊ သ ဘောတရားခြင်းတူညီသောစားသောက်ဆိုင်များ ဆိုင်တွင်ပုံမှန်ထိုင်စားခွင့်ပြုထားသည်။ သို့သော် မြို့တော်ဗန်ကောက်နှင့်ခရိုငကူးစက်ရောဂါကော်မတီတို့သတ်မှတ်ထားသည့် အစီအမံအတိုင်းဖွင့်လှစ်ရမည်ဟု ဖော်ပြထားပြီး မြေပြင်အခြေအနေပေါ်မူတည်ပြီး အချိန်အတိုးအလျှော့ပြုလုပ်နိုင်သည်ဟု ဆိုသည်။

တချိန်တည်းတွင် ကုန်တိုက်များ နှင့် ကွန်မြူနစ်တီမောလ်များ ပုံမှန်ဖွင့်လှစ်ခွင့်ပြုထားပြီး ကုန်စည်ပြခန်းများ၊ အစည်းအဝေးခန်းမများ၊ ပြပွဲခန်းမများ၊ ကုန်တိုက်နှင့် ဟိုတယ်များအတွင်းရှိသဘောတရား ခြင်းဆင်တူသောခန်းမများကို သင့်လျော်သလိုဖွင့်လှစ်ခွင့်ပြုထားသည်။ အလှပြင်ဆိုင်များ၊ အလှပြင်လုပ်ငန်းများ၊ တက်တူးဆိုင်များ၊ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ အနှိပ်လုပ်ငန်းများ၊ စပါဆိုင်များကို ပုံမှန်ဖွင့်လှစ်ဖွင့်ပြုထားသည်ဟု သိရသည်။

ထို့ပြင် work from home ကာလကိုထပ်မံတိုးမြှင့်ခြင်းမပြုဘဲ မြေပြင်အနေအထားတစ်ခုချင်းပေါ်မူတည်ပြီး ဒေသန္တရာဌာနများကို သင့်လျော်သလိုသတ်မှတ်ခွင့်ပြုထားသည်။

ခရီးသွားခရိုင်နှင့်အထူးစောင့်ကြည့်ဇုန်များတွင် ည ၁၁ နာရီအထိဆိုင်ထိုင်သောက်စားခွင့်ပြုထားပြီး SHA+ သို့မဟုတ် Thai Stop COVID 2 Plus ထောက်ခံချက်ရရှိထားသည့်ဆိုင်ဖြစ်ရမည်ဟု သတ်မှတ်ထားကာ COVID Free Setting အစီအမံစီစဉ်ထားသည့်ဆိုင်ဖြစ်ရမည်ဟုဖော်ပြထားသည်။

ထို့နောက် ကိုဗစ်လူနာများနှင့်အနီးကပ်ထိတွေ့မိ၍ ရောဂါဖြစ်နိုင်ခြေမြင့်မားသည့်သူများကို၇ ရက်ကွာရန်တင်းဝင်စေပြီး ATK စစ်ဆေးခြင်းဖြင့် ၃ ရက်စောင့်ကြည့်ရန်ပြောင်းလဲသတ်မှတ်ထားသည်ဟု ဖော်ပြထားသည်။

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS