9 May 2024

စီအိုင်စာအုပ်ကိုင်ဆောင်ထားသော မြန်မာလုပ်သားများအား စီအိုင်စာအုပ်သက်တမ်းတိုးပေးခြင်းနှင့်စာအုပ်လဲပေးခြင်းများဆောင်ရွက်ပေးရန်အတွက် စီအိုင်စာအုပ်ထုတ်ပေးရေးစင်တာ ၅ နေရာကို ၇ လကြာဖွင့်လှစ်သွားမည်ဟု ထိုင်းအစိုးရတရားဝင်ကြေညာ။

 

စီအိုင်စာအုပ်ကိုင်ဆောင်ထားသော ထိုင်းရောက်မြန်မာလုပ်သားများအား စာအုပ်သက်တမ်းတိုးပေးခြင်းနှင့် စာအုပ်လဲပေးခြင်းများကို ဆောင်ရွက်နိုင်ရန် ထိုင်းနိုင်ငံခရိုင် ၅ ခုတွင်ဖွင့်လှစ်မည့် စီအိုင်စင်တာများကို ထိုင်းအလုပ်အကိုင်ရှာဖွေရေးဦးစီးဌာနက ပြီးခဲ့သည့် ဒီဇင်ဘာ ၃ ရက်နေ့တွင် အတည်ပြုကြေညာထားသည်။

 

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်၊ ထိုင်းနိုင်ငံအရှေ့ပိုင်း ချွန်ဘူရီခရိုင်၊ ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်း ခရိုင်၊ ထိုင်းနိုင်ငံအလယ်ပိုင်း စမွတ်ဆာခွန်နှင့်စမွတ်ပရာကန်ခရိုင်များတွင် အသီးသီးဖွင့်လှစ်သွားမည်ဟုဖော်ပြထားပြီး ယင်းကြေညာချက်သည် လာမည့် ဇန်နဝါရီလ ၄ ရက်နေ့ (၂၀၂၂) မှ ဩဂုတ်လ ၁ ရက် နေ့ (၂၀၂၂) အထိ ၇ လကြာအကျုံးဝင်သည်ဟု ကြေညာထားသည်။

 

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS