26 April 2024

လူဦးရေ ၇၀ ရာခိုင်နှုန်းကျော် ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးပြီ ဖြစ်တဲ့ ချင်းမိုင်ခရိုင်ဟာ အောက်တိုဘာလ ၁ ရက်နေ့က စလို့

ခရီးသွားတွေကိုစတင်လည်ပတ်ခွင့်ပြုတော့မှာဖြစ်တယ်လို့ ကြေညာအပြီး ၄ ရက်အလွန်မှာပဲ

ချင်းမိုင်မြို့က Green Lake Resort ဟိုတယ်မှာအစုလိုက်ကိုဗစ်ကူးစက်ခံခဲ့ရတယ်လို့ ချင်းမိုင်သတင်းမှာဖေါ်ပြထားပါတယ်။

 

 

ဒီတစ်ခေါက်အစုလိုက်ကူးစက်မှုမှာ အစားအသောက်ပို့တဲ့ အလုပ်သမားတစ်ဦးက စတင်ကူးစက်ခံခဲ့ရတာပါ၊

ထိုအလုပ်သမားနဲ့ထိတွေ့သူ ၇ ဦးလည်း ကိုဗစ်ကူးစက်ခံထားရတယ်လို့ သိရပါတယ်။

 

Green Lake Resort ဟိုတယ်ကတော့ သိသိခြင်းမှာ အလုပ်သမားတွေကို ကွာရန်တင်း ၁၄ ရက်ဝင်စေဖို့နဲ့

အစားအသောက်ပို့တဲ့ အလုပ်သမားနဲ့ ထိတွေ့မှု ရှိသူများကိုလည် ၎င်းတို့စီစဉ်ပေးထားတဲ့ ဆေးရုံများ၌

ရောဂါစစ်ဆေးကြဖို့ တိုက်တွန်းထားပါတယ်။

 

ထပ်မံပြီး ခရီးသွားနှင့်ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့လည်း ခရီးသွားလာခွင့်ပြုထားတဲ့ ခရိုင် ၅ ခုက

အချို့ခရိုင်တွေမှာ ကာကွယ်ဆေး ၂ ကြိမ် ထိုးနှံထားတဲ့ လူဦးရေ ၇၀ ရာခိုင်နှုန်းပြည့်မီခြင်းမရှိသေးတာကြောင့်

ခရီးသွားလာခွင့်ကို လာမယ့်နိုဝင်ဘာလ ၁ ရက်နေ့ထိ ရွှေ့ဆိုင်းသင့်ကြောင်း အကြံပြုပြောဆိုထားပါတယ်။

SHARE THIS NEWS

OTHER NEWS