12 May 2024

,

အခါးသီးဆုံးပြိုင်ဘက်တွေအဖြစ်ကနေ အသင်းဖော်တွေဖြစ်လာတဲ့ မက်ဆီနဲ့ရာမို့စ်

■ပြီးခဲ့တဲ့ ဆယ်စုနှစ်ကာလတွေတုန်းက အယ်လ်ဂလက်ဆီဂို လို့ခေါ်တဲ့ ရီးရဲမက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတို့ရဲ့ပြိုင် ဆိုင်မှုက စပိန်လာလီဂါမှာ ခမ်းနားခဲ့ကြပါတယ်။ မမေ့နိုင်စရာအဖြစ်အပျက်တွေ နာကျည်းဝမ်းနည်းမှု တွေ ပျော်ရွှင်ခဲ့ရမှုတွေ ရောပြွန်းနေတဲ့ ဘာစီလိုနာနဲ့ရီးရဲမက်ဒရစ်တို့ ထိပ်တိုက်တွေ့ဆုံတဲ့ပွဲတွေဟာ ဘောလုံးပရိတ်သတ်တွေကို အမြဲတမ်းဖမ်းစားစေနိုင်ခဲ့တာပါ။

အဲ့ဒီအချိန်တွေတုန်းက ဘာစီလိုနာတိုက်စစ်ကိုဦးဆောင်လာခဲ့တဲ့ မက်ဆီနဲ့ ရီးရဲမက်ဒရစ်ရဲ့ ကျောက်ဆောင်ကြီးဖြစ်တဲ့ ရာမို့စ်တို့ဟာ ခါးသီးပြိုင်ဘက်တွေအဖြစ် အကြိမ်ကြိမ်ရင်ဆိုင် ခဲ့ကြရဖူးပါတယ်။ မက်ဆီကို ကြမ်းကြမ်းတမ်းတမ်းကစားပြီးတားဆီးခဲ့တဲ့ ရာမို့စ်ဟာ အယ်လ်ဂလက်စီဂို ပွဲစဉ်တွေမှာ ၂ကြိမ်တိုင်တိုင် အနီကတ်နဲ့ ကွင်းထဲက အထုတ်ခံခဲ့ရဖူးတဲ့အထိကို ခါးသီးပြိင်ဘက်တွေဖြစ် ခဲ့ကြတာပါ။

ဒါပေမယ့် ဘာကိုမှခန့်မှန်းမရတဲ့ ကံကြမ္မာတရားရဲ့ စေခိုင်းမှုတွေအောက်မှာတော့ သူတို့တတွေဟာ အခါးသီးဆုံးပြိုင်ဘက်တွေအဖြစ်ကနေ အသင်းဖော်တွေအဖြစ်ကိုရောက်ရှိလာခဲ့ကြပါပြီ။ ရာမို့စ်နဲ့ မက်ဆီဟာ ရှေ့ဆင့်နောက်ဆင့်ပဲ ပီအက်စ်ဂျီကို ရောက်ရှိလာကြပြီဖြစ်ပါတယ်။ အရင်ဆုံး ရာမို့စ်ဟာ သူရဲ့ ၁၆နှစ်တာ ကျင်လည်ခဲ့တဲ့ ကြယ်စင်စု ရီးရဲမက်ဒရစ်ကနေ ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့ပါတယ်။ မက်ဆီဟာလည်း ဘာစီလိုနာနဲ့ အံ့အားသင့်ဖွယ်လမ်းခွဲခဲ့ပြီး ပီအက်စ်ဂျီကို ၂နှစ်စာချုပ်နဲ့ ထပ်မံ ပြောင်းရွှေ့ခဲ့တဲ့အတွက် ပါရီဟာ ရန်သူနှစ်ဦးအတွက် ငြိမ်းချမ်းရေးနယ်မြေတစ်ခုအဖြစ်ပြောင်းလဲ ခဲ့ကြပြီဖြစ်ပါတယ်။

အမြဲတမ်း ရန်သူ အမြဲတမ်းမိတ်ဆွေ မရှိတဲ့ အသိသာအထင်ရှားဆုံး လောကကြီးကို ပြပါဆိုရင်တော့ ဘောလုံးလောကကိုပဲ လက်ညှိုးထိုးပြရတော့မှာပါ။ ပရော်ဖက်ရှင်နယ် ကစားသမားတွေဟာ အသင်း တွေကို ရွှေ့ပြောင်းကစားကြရတဲ့အတွက် သူတို့အတွက် ဒီနေ့မိတ်ဆွေဟာ နောက်နေ့ ပြိုင်ဘက်အဖြစ် ပြောင်းလဲနိုင်သလို ရန်သူဟာလည်း မိတ်ဆွေအဖြစ်ပြောင်းလဲစေနိုင်တာပဲဖြစ်ပါတော့တယ်။

Like & Share လုပ်ထားကြဖို့မမေ့ကြေးနော်

#Sportinsight #Sport #Football #PremierLeague #EPL #La_Liga #Serie_A

SHARE THIS NEWS

OTHER NEWS