26 April 2024

,

မန်ချက်စတာယူနိုက်တက်ရဲ့ ကျောနံပါတ် ၇ ပိုင်ရှင်အမှန်ဆီပြန်ရောက်မှာလား

■ မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့ရဲ့ ဂန္တဝင်ကစားသမားဖြစ်သူ စီရိုနာလ်ဒိုကို အသင်းကိုပြန် ခေါ်ဆောင်နိင်ခဲ့တဲ့အပြီးမှာတော့ တစ်ကမ္ဘာလုံးကစိတ်ဝင်စားနေတဲ့ အချက်တစ်ခုရှိနေပါတယ်။ အဲ့တာက တော့ ရိုနာလ်ဒိုရဲ့ ကိုယ်ပိုင်နံပါတ်လို့ လူသိများတဲ့ ကျောနံပါတ် ၇ ကိစ္စဖြစ်ပါတယ်။ လက်ရှိမန်ချက်စတာ ယူနိုက်တက်အသင်းဟာ ကျောနံပါတ် ၇ အတွက် ကာဗာနီနဲ့ ပရီးမီးယားလိဂ်တာဝန်ရှိသူတွေကြားမှာ ညှိနှိုင်းမှုတွေပြုလုပ်နေတယ်လို့လည်းသိရပါတယ်။

စည်းမျဉ်းစည်းကမ်းတွေအရ ပရီးမီးယားလိဂ်မှာ ဒီရာသီမှတ်ပုံတင်ထားတဲ့ ကျောနံပါတ် ၇ ပိုင်ရှင်က တိုက်စစ်မှူးကာဗာနီပဲဖြစ်ပါတယ်။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းတာဝန်ရှိသူတွေဟာ ကျောနံပါတ် ၇ ပိုင်ရှင် ကာဗာနီနဲ့စကားပြောဆိုအပြီးမှာတော့ ကာဗာနီက သူ့ကျောနံပါတ် ၇ကို ရိုနာလ်ဒိုကို ပေးအပ်ဖို့ဝန်မလေးဘူးလို့ဆိုပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူတွေဟာ အထူးအခွင့်အရေးအဖြစ် ကျောနံပါတ် ၇ ကို ပြောင်းလဲပေးနိုင်စွမ်းရှိတဲ့အတွက် ရိုနာလ်ဒိုဟာ သူ့ရဲ့ ကျောနံပါတ် ကို ပြန်လည်ရရှိနိုင်ဖို့အခွင့်အရေး များနေပါတယ်။ ဘာလို့လဲဆိုတော့ ပရီးမီးယားလိဂ်ဝဘ်ဆိုက်မှာ မန်ချက်စတာယူနိုက်တက်အသင်း ရဲ့ ကျောနံပါတ် ၇ ကို ကာဗာနီနဲ့ ရိုနာလ်ဒိုတို့ ၂ဦးလုံးကို ဖော်ပြထားလို့ပဲဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့ကိုယ်ပိုင် မီဂါစတိုးက အင်္ကျီရောင်းတဲ့ဆိုင်တွေအကုန်လုံးကို ရိုနာလ်ဒိုရဲ့ အင်္ကျီတွေကို စက်တင်ဘာ ၁၁ ရက်မတိုင်ခင်မှာ မရောင်းချဖို့အတွက်တားမြစ်ထားတဲ့အတွက် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္တဝင်ကျောနံပါတ် ၇ ကို စီရိုနာလ်ဒိုက ပြန်လည်ရယူမယ်လို့ ပရိတ်သတ်တွေကထင်မြင်ယူဆနေကြပါတယ်။

Like & Share လုပ်ထားကြဖို့မမေ့ကြေးနော်

SHARE THIS NEWS

OTHER NEWS