10 May 2024

,

နေ့စဉ်ရက်ဆက် အိပ်ရေးပျက်တာ များတဲအ့ခါ ခန္ဓာကိုယ်က မလိုလားအပ်တဲ့ အကျိုးသက်ရောက်မှုတွေများစွာ ဖြစ်စေပါတယ်။ ဘယ်လိုအကျိုးသက်‌ရောက်တာတွေဖြစ်စေလဲဆိုတာသွားကြည့်လိုက်ကြရအောင်။

၁. သင်ယူမှုစနစ်ကျဆင်းခြင်း
နေ့စဉ်ရက်ဆက်အိပ်ရေးပျက်တဲ့အခါ ဦးနောက်က သင်ယူမှု စနစ်ကို နှေးကွေးစေပါတယ်။ မေ့လျော်ခြင်းက အစ အခြားမလိုလားအပ်တဲ့ ဝေဒနာတွေခံစားရနိုင်ပါတယ်။

၂. ခန္ဓာကိုယ်ခုခံအားစနစ်ကျဆင်းခြင်း
ရက်အတန်ကြာ ဝလင်အောင် မအိပ်စက်ရတဲ့အခါ ခန္ဓာကိုယ်တွင်းရှိ ခုခံအားတွေဟာ ကျဆင်းသွားတတ် ပါတယ်။ ခုခံအားကျဆင်းသွားတာနှင့်အလျောက် အခြားမလိုလားအပ်တဲ့ ရောဂါဝေဒနာတွေ ခံစားရလာစေ နိုင်ပါတယ်။

၃. လိင်ပိုင်းဆိုင်ရာကမောက်ကမဖြစ်ခြင်း
ဝလင်အောင် မအိပ်စက်ရတဲ့အခါ ဟော်မုန်းထုတ်လုပ်မှုကို လျော့နည်းစေပြီး လိင်စိတ်ဆန္ဒလျော့နည်းစေပါတယ်။

၄. စိတ်အပြောင်းအလဲဖြစ်လွယ်ခြင်း 

သုတေသနတွေအရ တစ်နေ့မှာ ၄-၅ နာရီခန့်ပဲအိပ်စက်တဲ့သူတွေဟာ တစ်ပတ်လောက်မကြာမှာ စိတ်မရှည်တာ၊ ဒေါသဖြစ်လွယ်တာ၊ ပျော်ရွှင်မှုမရှိတာ စတဲ့ စိတ်ဖိစီးမှုတွေနှင့် ရင်ဆိုင်ရနိုင်ကြောင်း ဖေါ်ပြထားပါတယ်။

၅. အဝလွယ်ခြင်း
အိပ်ရေးပျက်ရာက ခန္ဓာကိုယ်အစာချေစနစ်ကပုံမှန်မဟုတ်တော့ဘဲ အရင်ကထက်ပိုပြီး ဆာလောင် လွယ်ပါတယ် အချိန်မတန်အစာစားမိရာက ဝိတ်ပိုတက်စေလာနိုင်တာပါ။

၆. အမြင်အာရုံထိခိုက်ခြင်း
အိပ်ရေးပျက်တာများရာက အာရုံကြောကို အဓိကသက်ရောက်ပြီး မျက်စိဟာ အရင်ကနှင့်မတူဘဲ တစ်နေ့ထက်တစ်နေ့ မှုန်ဝါးလာကာ ရေရှည်မှာ အမြင်အာရုံကို ထိခိုက်နိုင်ပါတယ်။

 မကြာခဏဆီးသွားခြင်း
ညဘက်ဆီးခဏခဏသွားခြင်းက အိပ်ရေးပျက်တာကို သတိပေးလက္ခဏာတစ်ရပ်ပဲ ဖြစ်ပါတယ်။ မကြာခဏဆီးသွားခြင်းကစလို့ နောက်ပိုင်း ကြွက်သားတွေ အားနည်းတဲ့ ဝေဒနာခံစားရနိုင်ပါတယ်။

 ၈.အသက်တိုခြင်း
လုံလောက်စွာမအိပ်စက်ခြင်းက အထက်မှာဖေါ်ပြထားတဲ့ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။ ခန္ဓာကိုယ်အပေါ်မကောင်းတဲ့ သက်ရောက်မှုတွေ ဖြစ်စေတာနှင့်အလျောက် အချိန်ကြာမြင့်တဲ့ အခါလူ့သက်တမ်း တိုတောင်းလာခြင်း မှာအံ့သြစရာမဟုတ်ပါ။

SHARE THIS NEWS

OTHER NEWS