26 April 2024

ထိုင်းအမျိုးသားစတော့ခ်ရှယ်ယာဈေးကွက်ဉပဒေအောက်ရှိ အစုရှယ်ယာရောင်းဝယ်မှုများကို “အထူးလုပ်ငန်းအခွန်” (transaction tax) ကောက်ခံသွားရန် ထိုင်းဘဏ္ဍာရေးဝန်ကြီးဌာန မှ သုံးသပ်နေသည်ဟု ပရာချာချတ်ထုရကစ်သတင်းဌာန မှဖော်ပြထားသည်။

 

“ဒီကိစ္စနဲ့ပတ်သက်ပြီး ဟောင်ကောင်မှာကောက်ခံနေတာကိုလေ့လာနေပါတယ် ထိုင်းမှာကောက်ခံမယ်ဆိုရင် ၁ နှစ်ကို ဘတ် ၆ ဘီလျံကနေ ၇ ဘီလျံရနိုင်ပါတယ် အရောင်းအဝယ်တန်းဖိုးပေါ်မူတည်တာပေါ့ ထိုင်းမှာ ရေရှည်အစုရှယ်ယာစုပေါင်းရန်ပုံငွေ(LTF) မရှိတဲ့အတွက် အရောင်းအဝယ်တန်းဖိုးသိပ်မကြီးမား ဘူး” ဟုသတင်းအရင်းအမြစ်တစ်ခုကဆိုသည်။

 

ထိုင်းအမျိုးသားစတော့ခ်ရှယ်ယာဉပဒေအရ စတော့ခ်ရှယ်ယာဈေးကွက်အတွင်းရှိကုမ္ပဏီများသည် ဝင်ငွေမှ ၀.၁% အခွန်ပေးဆောင်ရမည်ဟု သတ်မှတ်ထားသည်။

 

သို့သော် စီးပွားရေးအကြပ်အတည်းကြောင့် ၁၉၉၁ ခုနှစ်တွင် တော်ဝင်အမိန့်ထုတ်ပြန်ပြီး ကင်းလွှတ်ခွင့်ပေးထားသည်။

 

သတင်း ရွှေကရင်(ရာမညမြေ)

SHARE THIS NEWS

OTHER NEWS