26 April 2024

ဩဂုတ် ၂ ရက်၊ ၂၀၂၁

 

ပရကန်စန်းခွမ်ပေးသွင်းထားသည့်သုံးနိုင်ငံလုပ်သားများကို ဒင်းဒဲရှိ ထိုင်း-ဂျပန်အားကစားရုံတွင်ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ။

 

ထိုင်းနိုင်ငံတွင်နေထိုင်လုပ်ကိုင်လျှက်ရှိပြီး လူမှုဖူလုံရေးရန်ပုံငွေ (ပရကန်စန်းခွမ်) ပေးသွင်းထားသည့်မြန်မာ၊ ကမ္ဘောဒီးယားနှင့်လာအိုလုပ်သား

များကို မြို့တော်ဗန်ကောက်၊ ဒင်းဒဲနယ်မြေ၊ မစ်မိုင်တရီလမ်းရှိထိုင်း-ဂျပန်လူငယ်အားကစားရုံ (၁) တွင် ကာကွယ်ဆေးပထမအကြိမ်ထိုးနှံပေး

လျှက်ရှိသည်ဟု သိရသည်။

 

ထိုသို့ထိုးနှံရာတွင် ပထမအကြိမ်ကို စိုင်းနိုးဗက်ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ပြီး ဒုတိယအကြိမ်ကို ၂၁ ရက်အကြာတွင် အက်စထရာဇေနေဂါ

ကာကွယ်ဆေးထိုးနှံပေးမည်ဟု သိရသည်။

 

ကိုဗစ်ကုသပျောက်ကင်းပြီး ၃ လမပြည့်သေးသူများ၊ ကိုယ်ဝန်သက်တမ်း ၃ လမပြည့်သေးသူများ၊ အသက် ၁၈ နှစ်မပြည့်သေးသူများကို ထိုးနှံ

ပေးခြင်းမပြုကြောင်းသိရှိရသည်။

 

ကာကွယ်ဆေးထိုးနှံလိုသည့်လုပ်သားများအတွက် အလုပ်ရှင်မှလိုအပ်သည့်စာရွက်စာတမ်းများကိုစီစဉ်ပေးရမည်ဖြစ်ပြီး ကြိုတင်ရက်ချိန်းယူရ

မည်ဖြစ်ကာ သတ်မှတ်နေ့ရက်နှင့်အချိန်တွင်သွားရောက်ထိုးနှံရမည်ဟုသိရသည်။

SHARE THIS NEWS

OTHER NEWS