14 May 2024

ဩဂုတ် ၃၁ ရက်၊ ၂၀၂၁

.

ရဲမှူးကျို့တွင် စိတ်အတက်ကျမြန်စိတ်ရောဂါရှိသည်ဟုသတင်းများထွက်ပေါ်ခဲ့ပြီးနောက် ၎င်းတွင် အဆိုပါရောဂါခံစားနေရသည်ဟု

နီးစပ်သူများကသိထားကြသော်လည်း ကုသမှုခံယူထားခြင်းမရှိ၍ အထောက်အထားမပြနိုင်။

 

နခေါ်စဝမ်းရဲစခန်းမှူးတာဝန်မှရပ်ဆိုင်းခံထားရသည့် ရဲမှူးကျို့ (ခ) ရဲဗိုလ်ချုပ်ကြီး ထိတိစန်း အွတ်ဓနဖွန်တွင် စိတ်အတက်ကျမြန်စိတ်ရောဂါ

(Bipolar Disorder) ခံစားနေသည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ၎င်းတွင်အဆိုပါရောဂါခံစားနေရသည်ကိုနီးစပ်သူများသိရှိသော်လည်း

ကုသမှု ခံယူထားခြင်းမရှိ၍ အထောက်အထားခိုင်လုံမှုမရှိသေးဟု သိရသည်။

 

ယနေ့မနက်တွင် သတင်းမီဒီယာများက ရဲမှူး၏ရှေ့နေဖြစ်သူ ချို့ချိုင်း အန်ကက်ယောက်ကိုမေးမြန်းရာတွင် မိမိတွင်အချက်အလက်မရှိသေး

ကြောင်း၊ ရဲမှူးကျို့ကိုထပ်မံမေးမြန်းရမည်ဖြစ်ကြောင်း၊ အမှန်တကယ်ရောဂါရှိနေလျှင်ကုသမှုအထောက်အထားတောင်းယူမည်ဖြစ်ကြောင်း၊

ကနဦးအနေဖြင့် ရောဂါခံစားနေသည်ဟုတွေ့ရှိရလျှင် ပြစ်မှုကျူးလွန်ချိန်တွင်ရုပ်ပိုင်းဆိုင်ရာမူမမှန်ခြင်းကြောင့်ဖြစ်နိုင်ခြေရှိမရှိသုံးသပ်ရမည်

ဟု ရှေ့နေ့ကဆိုသည်။

SHARE THIS NEWS

OTHER NEWS