3 May 2024

ကိုဗစ်ဖြစ်လို့ ဆေးကုသမှုခံယူနေတဲ့ ထိုင်းအမျိုးသမီးတစ်ဦးဟာ Favipiravir ဆေးသောက်ပြီး သူ့ရဲ့မျက်လုံးတွေ အပြာရောင်ဖြစ်သွားခဲ့တဲ့အကြောင်းကို အွန်လိုင်းပေါ်တွင်မျှဝေခဲ့ရာ အများစုက အံ့အားသင့်ခဲ့ကြပါတယ်။

 

သူမဟာကိုဗစ်ကူးစက်ခံထားရတာကြောင့် ဆေးရုံမှာဆေးကုသမှုခံယူနေတာပါ။ သူမ ဆေးရုံတတ်ပြီး ၂ ရက်အကြာမှာ သူမရဲ့မျက်စိတွေ အပြာရောင်ဖြစ်လာတဲ့အကြောင်းကို အွန်လိုင်းပေါ်မှာ မျှဝေခဲ့တာပါ။ မျက်လုံးတွေပြာနေပေမယ့်လို့ အမြင်အာရုံကတော့ ပုံမှန်အတိုင်းပါပဲလို့ သူမက ဆိုပါတယ်။

 

ဒီကိစ္စကို ဆရာဝန်တွေက ကိုဗစ်ကုသရာတွင်သောက်ရတဲ့ Favipiravir ဆေးရဲ့ဘေးထွက်ဆိုးကျိုးကြောင့် ဖြစ်တာလို့ပြောပါတယ်။ Favipiravir ဆေးသောက်တဲ့ လူနာ အများစုဟာ ဆီးသွားတဲ့အခါ ဆီးဟာခရမ်းရောင်ဖြစ် နေတတ်တယ်လို့ဆိုပါတယ်။ သူမလိုကေ့စ်ကိုတော့ အခုမှ ပထမဆုံးကြုံရခြင်းဖြစ်တယ်လို့ ဆရာဝန်တွေကပြောပါတယ်။

 

ဒီလို ဖြစ်တာဟာ စိတ်ပူစရာမလိုကြောင်း၊ Favipiravir ဆေးသောက်တာရပ် လိုက်တဲ့အခါမှာ မျက်စိ ဟာ ပုံမှန်အရောင် ပြန်ဖြစ်သွားမှာပါလို့ ဆရာဝန်တွေက ပြောခဲ့ပါတယ်။

SHARE THIS NEWS

OTHER NEWS