26 April 2024

ဩဂုတ် ၃၁ ရက်၊ ၂၀၂၁

 

၂၀၂၁ ခုနှစ် ဒုတိယသုံးလပတ်ညွှန်းကိန်းအရ ထိုင်းနိုင်ငံရဲ့အိမ်ထောင်စုကြွေးမြီ ၄.၆ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး နိုင်ငံ့ဂျီဒီပီရဲ့ ၉၀.၆ ရာခိုင်နှုန်း

ရှိလာတယ်လို့ အစိုးရအစီရင်ခံစာ တစ်ခုက ဖော်ပြထားပါတယ်။

 

ထိုင်းနိုင်ငံ အမျိုးသားလူမှုစီးပွားမြှင့်တင်ရေးကောင်းစီက ပြီးခဲ့တဲ့ ဩဂုတ် ၂၅ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒုတိယသုံးလပတ်ထိုင်းလူမှု

အဖွဲ့အစည်းအခြေအနေအစီရင်ခံစာမှာ စိတ်ဝင်စားစရာပြောင်းလဲတိုးတက်မှုရှိလာတဲ့အချက်တွေကိုတွေ့ရှိခဲ့ရပါတယ်။

 

လူ့အရည်အသွေး၊ လူမှုလုံခြုံရေး၊ လူနေမှုအဆင့်အတန်းနဲ့အလေ့အထ၊ ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ရေး စတဲ့ကဏ္ဍတွေအပါအဝင် “ထိုင်းနိုင်ငံ

နှင့်ကိုဗစ်အကျပ်အတည်းကာလအိမ်မှာနေ၍အလုပ်လုပ်ခြင်း” စတဲ့နယ်ပယ်တွေကိုစိတ်ဝင်စားစရာတွေ့ရှိရပါတယ်။

 

အရေးပါတဲ့အဓိကကဏ္ဍတွေကို အခုလိုစုစည်းတင်ပြပေးလိုက်ပါတယ်။

 

အလုပ်အကိုင်ခန့်မှုထားပျမ်းမျှ ၂ ရာခိုင်နှုန်းတိုးတက်လာတာတွေ့ရပြီး စိုက်ပျိုးရေးကဏ္ဍမှာ ၂.၄ ရာခိုင်နှုန်း၊ စိုက်ပျိုးရေးမဟုတ်တဲ့ကဏ္ဍ

မှာ ၁.၈ ရာခိုင်နှုန်းတိုးတက်လာပါတယ်။

 

ကျောင်းပြီးခါစလူငယ်တွေရဲ့အလုပ်လက်မဲ့ဖြစ်မှုက ၁၀.၀၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပေမဲ့ အလုပ်အကိုင်ရှိဖူးသူတွေရဲ့အလုပ်လက်မဲ့ဖြစ်

နှုန်းက ၈.၃၈ ရာခိုင်နှုန်းကျဆင်းလာပါတယ်။

 

အသက်မွေးဝမ်းကျောင်းကျောင်းဆင်းများရဲ့အလုပ်လက်မဲ့နှုန်းက ၃.၁၈ ရာခိုင်နှုန်းခုန်တက်ခဲ့သလို တက္ကသိုလ်ဘွဲ့ရတွေရဲ့အလုပ်လက်မဲ့

နှုန်းက ၃.၄၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။

 

အိမ်ထောင်စုကြွေးမြီ ၄.၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး နိုင်ငံ့ဂျီဒီပီရဲ့ ၉၀.၅ ရာခိုင်နှုန်းနဲ့ညီမျှပါတယ်။အစိုးရရဲ့ချေးငွေပြန်ဆပ်ရန်ဆိုင်းငံ့ပေးတဲ့

မူဝါဒကြောင့် ရှိရင်းစွဲကြွေးမြီမကျဆင်းလာတာလို့သုံးသပ်ထားပါတယ်။

 

ဒါ့အပြင် ကူးစက်ရောဂါဖြင့်နာမကျန်းဖြစ်မှု ၃၂.၄ ရာခိုင်နှုန်းကျဆင်းခဲ့သလို အရက်ဘီယာ၊ ဆေးလိပ် သောက်သုံးမှု ၂.၄ ရာခိုင်နှုန်းကျဆင်

းခဲ့ပါတယ်။ ရာဇဝတ်မှု၊ မူးယစ်မှု၊ အကြမ်းဖက်မှု ၁၁.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သလို မော်တော်ယာဉ်မတော်တဆဖြစ်မှု ၂၁.၅ရာခိုင်နှုန်းမြင့်

တက်ခဲ့ပါတယ်။ စားသုံးသူ ကာကွယ်ရေးကော်မရှင်ထံတိုင်ကြားမှု ၂၀.၁ ရာခိုင်နှုန်းကျဆင်းခဲ့သော်လည်း အမျိုးသားအသံလွှင့်နှင့် ဆက်

သွယ်ရေးကော်မရှင်ထံတိုင်ကြားမှု ၁၈.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။

 

တဆက်တည်းမှာ ထိုင်းနိုင်ငံရဲ့စီးပွားရေးယှဉ်ပြိုင်နိုင်မှုအဆင့်တိုးတက်ခဲ့တာတွေ့ရပါတယ်။ ၂၀၂၁ ခုနှစ် စီးပွားရေးယှဉ်ပြိုင်နိုင်မှု IMD ထုတ်ပြန်

ချက်မှာနိုင်ငံပေါင်း ၆၄ နိုင်ငံအနက် ထိုင်းနိုင်ငံကအဆင့် ၂၈ မှာရပ်တည်နေပြီး ပြီးခဲ့တဲ့နှစ်ကထက် ၁ ဆင့်တိုးတက်လာပါတယ်။

 

ကိုဗစ်အကျပ်အတည်းကာလ အိမ်မှာနေ၍အလုပ်လုပ်ခြင်းနဲ့ပတ်သက်ပြီး စွန်းဒူစစ်ပိုးလ်က “ထိုင်းပြည်သူများ၏အလေ့အထနှင့်အိမ်မှာနေ၍

အလုပ်လုပ်ကိုင်ခြင်း” ခေါင်းစဉ်နဲ့ ပြီးခဲ့တဲ့မေလကစစ်တမ်းကောက်ယူချက်အရ အိမ်မှာနေ၍အလုပ်လုပ်တဲ့ထိုင်းပြည်သူ ၄၃ ရာခိုင်နှုန်းတွေ့ရ

သလို အိမ်မှာရောလုပ်ငန်းခွင်မှာရောအလုပ်လုပ်ရတဲ့သူက ၃၄ ရာခိုင်နှုန်းတွေ့ရပါတယ်။ ဒါ့အပြင် ထိုင်းလုပ်ငန်းရှင် ၂၀ ရာခိုနှုန်းဟာ အိမ်မှာ

နေ၍အလုပ်လုပ်ခိုင်းတဲ့မူဝါဒချမှတ်ထားတာကိုတွေ့ရပါတယ်။

SHARE THIS NEWS

OTHER NEWS