27 April 2024

ဝန်ကြီးချုပ် ပရွတ် ချန်အို ချား ကြီးမှုးပြီး ကျင်းပခဲ့တဲ့ ယနေ့ ဝန်ကြီးများအစည်းအဝေးမှာ ကိုဗစ်ထိန်းချုပ်ရေးဌာနက အရေးပေါ်အမိန့်ကို နိုဝင်ဘာလထိ

၂ လသက်တမ်းထက်တိုး လိုက်ပြီး ကာဗျူးအချိန်ကိုတော့ ည ၁၀ နာရီမှ နံနက် ၄ နာရီအဖြစ်ပြောင်းလဲပြင်ဆင် လိုက်ပါတယ်။

 

ထပ်မံပြီး ကိုဗစ်ကြောင့် ရပ်နားထားရတဲ့ အောက်ပါ လုပ်ငန်းလုပ်ငန်း ၉ ခုကို စည်းကမ်းချက်များတင်းကြပ်ပြီး ပြန်လည်ဖွင့်လှစ်ခွင့်ပြုလိုက်ပါတယ်။

 

၁. ရုပ်ရှင်ရုံ

၂. အနှိပ်ခန်း

၃. စားသောက်ဆိုင်များ၌ဖျော်ဖြေရေးအစီအစဉ်များ

၄. တက်တူးဆိုင်

၅. လက်သည်းအလှပြင်ဆိုင်

၆. အားကစားရုံ

၇. ပြတိုက်များ

၈. ကလေးထိန်းကျောင်းနှင့် / မူကြိုများ

၉. သိပ္ပံပြခန်းများ

 

ကာဗျူးအချိန်ဖြေလျှော့ခြင်းနှင့် ပြန်လည်ဖွင့်လစ်ခွင့်ပေးလိုက်တဲ့ လုပ်ငန်း ၉ ခုဟာ အောက်တိုဘာလ ၁ ရက်နေ့မှာ စတင်အကျုံးဝင်မှာဖြစ်ပါတယ်။

SHARE THIS NEWS

OTHER NEWS