26 April 2024

ထိုင်းဝန်ကြီးချုပ်နေရာ မဲခွဲဆုံးဖြတ်ရာတွင် အထက်လွှတ်တော်အမတ်များမဲပေးခွင့်ကို ပယ်ဖျက်ရန် အဆိုပြု
.
ဇူလိုင် ၁၄ ရက်၊ ၂၀၂၃
.
ထိုင်းဝန်ကြီးချုပ်နေရာအတွက် ထိုင်းလွှတ်တော်က မဲခွဲဆုံးဖြတ်ရာတွင် အထက်လွှတ်တော်အမတ်များ မဲပေးပိုင်ခွင့်ကို ပယ်ဖျက်ရန်အတွက် ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၂၇၂) ကို ပြင်ဆင်ရန် ထိုင်းရှေ့ သို့လှမ်းချီပါတီ အတွင်းရေးမှူး Chaitawat Tulathon က ယနေ့ နေ့လည် ၃ နာရီအချိန်တွင် ထိုင်းလွှတ် တော်အဆောက်အဦသို့သွားရောက်ပြီး အဆိုပြုသွားမည်ဟု ထိုင်းသတင်းအသီးသီးက ဖော်ပြထားသည်။
.
မည်သို့ဆိုစေ ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မများကို ပြင်ဆင်ရာတွင် ထိုင်းဝန်ကြီးချုပ်နေရာ မဲခွဲဆုံး ဖြတ်ရေးထက် ခက်ခဲသည်ဟု ဖော်ပြထားသည်။
.
ဖွဲ့စည်းပုံ ပုဒ်မများကို ပြင်ဆင်ရန်အတွက် စုစုပေါင်းထောက်ခံမဲ ၃၇၆ မဲနှင့်အထက် ရရှိရန်လိုအပ်ပြီး ယင်း ၃၇၆ မဲအနက် အထက်လွှတ်တော်အမတ်နေရာ သုံးပုံတပုံ (၈၄ မဲ) ၏ ထောက်ခံမဲပါဝင်ရမည့် အပြင် အတိုက်အခံပါတီများ၏ ထောက်ခံမဲ ၂၀ ရာခိုင်နှုန်း ပါဝင်ရမည်ဟု ဖော်ပြထားသည်။
.
ယမန်နေ့က ထိုင်းဝန်ကြီးချုပ်နေရာအတွက် ထိုင်းလွှတ်တော်က မဲခွဲဆုံးဖြတ်ရာတွင် တဦးတည်း ဝန်ကြီးချုပ်အလောင်းအလျာဖြစ်သူ Pita က ထောက်ခံမဲ ၃၂၄ မဲသာရရှိခဲ့ပြီး ကန့်ကွဲမဲ ၁၈၂ မဲနှင့်ကြား နေမဲ ၁၉၉ မဲရရှိခဲ့သည်။
.
ထိုင်းဝန်ကြီးချုပ်နေရာအတွက် မဲပေးပိုင်ခွင့်ရှိသူ လွှတ်တော်အမတ်အရေအတွက်၏ တဝက်ထက် ပိုသောထောက်ခံမဲကို (၃၇၆ မဲ) ရရှိရမည်ဟု ထိုင်းဖွဲ့စည်းပုံတွင် ပြဋ္ဌာန်းထားသည်။
.
Myanmar Live မှ သတင်းများကို အောက်ပါပလက်ဖောင်းများတွင် စောင့်ကြည့်နိုင်ပြီ

SHARE THIS NEWS

OTHER NEWS