26 April 2024

,

ဆန္ဒပြတဲ့သူ ၁၉၅ ဦီးဖမ်းဆီးမိကြောင်းပြော၊ ဦီးစီးဦိးဆောင်သူ ၃၁ ဦီး၊ ရွှေ့ပြောင်းလုပ်သားတွေပါဝင်ပါက အရေးယူမည်။  Black list ပေးပြီး ပြန်ပို့ခံရမည်ဟု သတိပေး!

ထိုင်းဗဟိုရဲဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ရဲချုပ်  Piya Tawichai ဒီကနေ့သတင်းထုတ်ပြန်ချက်မှာ “ဒီနေ့မှာတော့ ဆန္ဒပြဖို့အတွက် ကြေညာထားတာမရှိသေးပါဘူး။ ရှိတဲ့အဖွဲ့ကတော့  “ထလုဂက်” အုပ်စုကတော့ ညနေ ၆ နာရီမှာချိန်းဆိုထားကြတာတော့ရှိပါတယ်။ ပုံမှန်နေရာဖြစ်တဲ့ ဗန်ကောက်မြို့ ဒင်းဒဲမြို့နယ်ရှိ မီးပွိုင့်မှာဖြစ်ပါတယ်။ သတိပေးလိုတာကတော့ လူစုလူဝေးလုပ်တာဟာ ကိုဗစ်ကူးစက်မှုဖြစ်ပေါ်စေနိုင်ပါတယ်။ ပြီးတော့ အရေးပေါ်ထုတ်ပြန်ချက်ကိုလဲ ချိုးဖောက်နေတာရောက်ပါတယ်။ မနေ့ကဆိုရင်လဲ မီးရှူးမီးပန်းနဲ့ပေါက်ကွဲတတ်တဲ့အရာဝတ္ထုကိုပစ်နေတာ၊အစိုးရပိုင်ပစ္စည်းတွေကို မီးရှို့ဖျက်စီးနေတဲ့ လူငယ် ၁၅ ဦီးကိုတော့ ဖမ်းဆီးမိထားပါတယ်။

ဆက်လက်ပြီးတော့ ဆန္ဒပြတဲ့အုပ်စုထဲမှာ ရွှေ့ပြောင်းလုပ်သားတစ်ဦီးကိုလဲဖမ်းဆီးရမိထားပါတယ်။ သူကကမ္ဘောဒီးယားနိုင်ငံသားတစ်ဦးပါ။ သူကိုလဲထပ်တူအရေးယူပါတယ်။ ပြီးတော့ထိုင်းမှာအလုပ်လုပ်နေတဲ့ရွှေ့ပြောင်းလုပ်သားကိုသတိပေးချင်တာကတော့ ဆန္ဒပြတဲ့နေရာမှာလာရောက်ပူးပေါင်းပြီး ဖမ်းမိပါက ပြန်နှင်ဒဏ်ပေးခံရနိုင်ပါတယ်။ ပြီးတော့ blacklist ပါပေးနိုင်တဲ့အပြင် ထိုင်းနိုင်ငံထဲကို ဝင်ခွင့်ပါပိတ်ပင်ခံရနိုင်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ထိုင်းဗဟိုရဲဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ရဲချုပ်  Piya Tawichai က၊ စက်တင်ဘာလထဲမှာ ပြစ်မှုကျူးလွန်သူစာရင်းဝင် ၁၉၅ ဦးကို တရားရုံးကဖမ်းမိန့်ရှိပါတယ်။ ဦီးစီးဦိးဆောင်သူ ၃၁ ဦီး။ ပါဝင်ပူးပေါင်းသူ ၁၆၄ ဦီးပါဝင်ပြီးတော့ အုပ်ထိန်းသူ ၈ ဦီးကိုခေါ်ယူစစ်ဆေးဖို့ရှိပါတယ်။ ကလေးတွေကို ဒီအတိုင်းလက်လွတ်စဖွယ်ပစ်ထားတာမှန်ရင်တော့ အရေးယူသွားမည်ဟု ပြောခဲ့ပါတယ်။

ကိုချစ် ဇွဲကပင်မြေ INN News Thai/Post

SHARE THIS NEWS

OTHER NEWS