10 May 2024

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လိုသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၆ ဦးကို ပွဲစားများက ငွေကြေးလိမ်လည် ရယူ ပြီးနောက် လမ်းခုလတ်တွင် ထားပစ်ခဲ့တယ်ဟု The Irrawaddy – Burmese Edition သတင်းကဖော်ပြထားပါတယ်။ သြဂုတ်လ ၃၁ ရက်နေ့က ဖြစ်ပွားခဲ့တာပါ။ မြန်မာလုပ်သား ၆ ဦးကို ပွဲစားများက မဲဆောက်အမှတ် (၂) ချစ် ကြည်ရေးတံတားသို့ ပို့ဆောင်ပေးမည်ဟုပြောပြီး ငွေကြေးရယူပြီးနောက် တာ့ခ်ခရိုင်တွင် ထားပစ်ခဲ့ပါတယ်။

 

 

“လိုင်းပေါ်က ပွဲစားတွေကြောင့် ဒုက္ခရောက်တာ ၆ ယောက် ရှိပြီ။ မော်တော်ယာဉ်လိုင်းတွေက မဖွင့်သေးဘူး။ အဝေးပြေးကားတွေ ဖွင့်တော့မယ် ဆိုပြီးတော့ နီးစပ်ရာ အံစာတုံးကားတွေနဲ့ ငှားလာတယ်။ ပွဲစားကပစ်ထားရော အခု ၆ ယောက်။ ရွှေ့ပြောင်းလုပ် သား ၆ ဦးအား တာ့ခ်ခရိုင် မြစ်ကူးတံတားတွင် ပွဲစားများကထားပစ်ခဲ့ပြီးနောက် ထိုင်းရဲများက ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။ ထိုသို့ဖမ်းဆီးခြင်းခံရတဲ့ မြန်မာလုပ်သား ၆ ဦီးကို မဲဆောက်မြို့သံအရာရှိက ညှိနှိုင်း၍ ကယ်ထုတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။ တာ့ခ်ခရိုင်အတွင်း ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများအရ မည်သည့် အဝေးပြေးယာဉ်မျှ ဖြတ်သန်းသွားလာခွင့် မရှိ ခြင်းကြောင့် ပွဲစားများ၏ စကားကို မယုံကြရန် အလုပ်သမားအရေး ဆောင်ရွက်သူများက သတိပေး ပြောဆိုသည်။

 

 

ဘန်ကောက်မှ နေရပ်ပြန်လိုသည့် ရွှေ့ပြောင်းလုပ်သားများ အနေဖြင့် ပွဲစားများအား တဦးလျှင် ဘတ် ၅ ထောင်၊ ၆ ထောင် ပေးရပြီး ထိုင်းနိုင်ငံတောင်ပိုင်းရှိ ရွှေ့ပြောင်းလုပ်သားများ အနေဖြင့် ဘတ် ၁ သောင်း နီးပါး ပေးရကြောင်း၊ ပွဲစား များက ၎င်းတို့အား ထိုင်း-မြန်မာနယ်စပ် အမှတ် (၂) ချစ်ကြည်ရေး တံတားသို့ ပို့ဆောင်ပေးမည်ဟု ဆိုသော်လည်း တာ့ခ် ခရိုင်အဝင်အထိသာ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ကိုချစ် ဇွဲကပင်မြေ

Ref: The Irrawaddy

ဓါတ်ပုံ – ဆရာမိုးကြိုး

SHARE THIS NEWS

OTHER NEWS