11 May 2024

ဇူလိုင် ၁၃ တွင် ထိုင်းဝန်ကြီးချုပ်နေရာ မဲခွဲဆုံးဖြတ်မည်
.
ဇူလိုင် ၁၀ ရက်၊ ၂၀၂၃
.
လာမည့် ဇူလိုင်လ ၁၃ ရက်နေ့ (၂၀၂၃) တွင် ၃၀ ဦးမြောက် ထိုင်းဝန်ကြီးချုပ်နေရာအတွက် မဲခွဲ ဆုံးဖြတ်မည် ဟု ထိုင်းသတင်းများက ဖော်ပြထားသည်။
.
လာမည့် ဇူလိုင်လ ၁၃ ရက်နေ့ (၂၀၂၃) တွင် ပထမအကြိမ်လွှတ်တော်ပုံမှန်အစည်းအဝေးကို ကျင်းပရန် လွှတ်တော်ဥက္ကဋ္ဌက ညွှန်ကြားထားပြီး လွှတ်တော်အထွေထွေအတွင်းရေးမှူးက ထိပ်တန်းအရေးကြီး ကြေညာချက်တစ်စောင်ထုတ်ပြန်ကာ အဆိုပါနေ့တွင် လွှတ်တော်အစည်းအဝေးကျင်းပခြင်းနှင့်တကွ ထိုင်းအခြေခံဥပဒေ ပုဒ်မ ၂၇၂ အရ ဝန်းကြီးချုပ်နေရာနှင့်သင်လျော်မည့်သူကို မဲခွဲဆုံးဖြတ်ရန် ဖော်ပြ ထားသည်။
.
ထိုင်းဝန်ကြီးချုပ်နေရာအတွက် အောက်လွှတ်တော်နှင့်အထက်လွှတ်တော်အမတ်ထောက်ခံမဲ အနည်းဆုံး ၃၇၆ မဲရရှိရန် လိုအပ်ပြီး ဝန်ကြီးချုပ်နေရာအတွက် လုံလောက်သော ထောက်ခံမဲ ရရှိ ထားသည်ဟု ထိုင်းရှေ့သို့လှမ်းချီပါတီဥက္ကဋ္ဌဖြစ်သူ Pita က မီဒီယာများကို ပြောကြားထားသည်။
.
Myanmar Live မှ သတင်းများကို အောက်ပါပလက်ဖောင်းများတွင် စောင့်ကြည့်နိုင်ပြီ
.

SHARE THIS NEWS

OTHER NEWS