11 May 2024

,

■ပီအက်စ်ဂျီအသင်းနဲ့ အမ်ဘာပေးတို့ရဲ့စာချုပ်ဟာ ၂၀၂၂ ဇွန်တွင် ကုန်ဆုံမည်ဖြစ်ပြီး ကစားသမားကိုယ်တိုင်မှာထွက်ခွာခွင့်တောင်းခဲ့ပြီးသော်လည်း ပီအက်စ်ဂျီမှာ ယင်းပြင်သစ်လက်ရွေးစင်အား လက်လွှတ်ဖို့အတွက် ဆန္ဒမရှိဘူးလို့သိရပါတယ်။

နောက်ဆုံးအပြောင်းအရွေ့သတင်းများအရ ရီးရဲလ်အသင်းရဲ့ ယူရိုသန်း၁၆၀ ကမ်းလှမ်းချက်အပေါ် ပီအက်စ်ဂျီမှပယ်ချခဲ့ပြီးယင်းပမာဏဟာ အမ်ဘာပေး အ‌ပြောင်းအရွေ့ ဖြစ်ပေါ်ဖို့ လုံလောက်တဲ့ပမာဏမဟုတ်ဘူးလို့ ပီအက်စ်ဂျီအသင်း ဒါရိုက်တာ လီယိုနာဒိုက လူသိရှင်ကြားပြောကြားခဲ့ပါတယ်။

လီယိုနာဒိုမှ “ရီးရဲလ်နဲ့ ဘာမှပြောဆိုထားတာမရှိပါဘူး တစ်ယောက်ယောက်ထွက်သွားချင်ရင်ငါတို့ဆွဲထားနေမှာမဟုတ်ပါဘူး အခြေအနေတွေအားလုံးပြည့်စုံရင် လက်လွှတ်ပေးလိုက်မှာပါပဲ ကမ်းလှမ်းမှု က ဒီအခြေအနေပေါက်ဈေးနဲ့အတော်ကွာနေတဲ့အတွက် သူတို့အနေနဲ့ အပြောင်းအရွေ့ကိုသေချာလေ့လာဖို့လိုလိမ့်မယ်ထင်ပါတယ် ကစားသမားရဲ့ဒီတန်ကြေးက မိုနာကိုကအမ်ဘာပေးကို ခေါ်တဲ့ဈေးထပ်တောင် အနည်းအငယ်နိမ့်ကျနေပါတယ်”

“သူထွက်သွားချင်လား ကျွန်တော်တို့မတားပါဘူး ကျွန်တော်တို့သတ်မှတ်ချက်တွေက ရိုးရှင်းပါတယ် ရီးရဲလ်ဘက်က တန်ရားတန်ကြေးကမ်းလှမ်းရင် ကျွန်တော်တို့ဘက်က လဲအလုပ်လုပ်ဖို့အဆင်သင့်ပါပဲ ဒါပေမယ့် အမ်ဘာပေးက ကျွန်တော်တို့ကစားသမားပါ ကျွန်တော်တို့စည်းဘောင်ထဲက ပဲ လုပ်ရပါလိမ့်မယ်”

“အမ်ဘာပေးနဲ့ ကျွန်တော်အကြားမှာ အမ်ဘာပေးအမြဲကတိပေးထားတာ တစ်ခုရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ သူဒီကလပ်ကနေ ဘယ်တော့မှအလွတ်ထွက်ခွာသွားမှာမဟုတ်ဘူးဆိုတဲ့ကတိပါပဲ။ကျွန်တော်တို့ ရီးရဲလ်နဲ့လည်းဘာမှပြောစရာစကားမရှိတော့ပါဘူး ဩဂုတ် ၃၁ ရက်နေ့ညသန်းခေါင်ယံအထိ ဒီအခြေအနေပဲ ရှိနေမှာပါ အပြောင်းအရွေ့ကာလဒီလောက်ပါပဲ သူ့ကိုအသင်းမှာဆက်ထားမယ် စာချုပ်သစ်တိုးဖို့ကြိုးပမ်းသွားမယ်ဒီလောက်ပါပဲ”ဟု လီယိုနာဒို မှ RMC sport သို့ပြောကြားခဲ့ပါတယ်။

Like & Share လုပ်ထားကြဖို့မမေ့ကြေးနော်

SHARE THIS NEWS

OTHER NEWS