26 April 2024

အမေရိကန်နိုင်ငံ ဘီယာချက်စက်ရုံ Busch Beer က Busch Dog Brew ဆိုတဲ့အမည်သုံးပြီး ခွေးတွေအတွက် ဘီယာထုတ်လုပ်ခဲ့ပါတယ်။

ဒါဟာ ခွေးတွေအတွက် သီးသန့်ထုတ်လုပ်ခဲ့တဲ့ ကမ္ဘာ့ပထမဦးဆုံးခွေးဘီယာလို့ သတ်မှတ်နိုင်ပါတယ်။

 

 

Busch Beer ဘီယာချက်စက်ရုံ ရဲ့ ဒုဥက္ကဋ္ဌဖြစ်သူ Daniel Blake က “သူချင်းချင်းတွေနဲ့အတူ ထိုင်ပြီးဘီယာ သောက်ရတဲ့ ခံစားချက်ကို ဘာနဲ့မှလဲနိုင်မှာမဟုတ်ပါဘူး…အလားတူပဲ ကျွန်တော်တို့လူသားတွေရဲ့ အကောင်းဆုံး အဖေါ်မွန်ဖြစ်တဲ့ ခွေးတွေကိုလည်း အဲဒီအခွင့်အလမ်းကိုရစေချင်ခဲ့တာပါ” လို့ ၎င်းကဆိုပါတယ်။

 

လူသားတွေ သောက်သုံးတဲ့ဘီယာတွေက တိရိစ္ဆာန်တွေအတွက် အဆိပ်အတောက်ဖြစ်စေတယ်လို့ ဘီယာချက်စက်ရုံက ပြောပါတယ်။ ခွေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ ဘီယာမှာတော့ ခွေးတွေအတွက်အကျိုးရှိစေမယ့် ရိုးတွင်းချဉ်ဆီ၊ ပြောင်းဖူးစေ့၊ တရုတ်နံနံ၊ ပင်စိမ်း နှင့် ဂျင်း၊ နနွင်းတို့ ရောစပ်ထည့်သွင်းထားတယ်လို့သိရပါတယ်။

 

 

Busch Dog Brew ခွေးဘီယာကိုတော့ အွန်လိုင်းကနေ ၄ ဘူးတွဲ ပက်ကေ့ချ်ကို ၉.၉၉ ဒေါ်လာ (ထိုင်းဘတ် ၃၃၀ ခန့်) ဖြင့် စတင်ရောင်း ချခဲ့ပါတယ် ထပ်မံပြီး Busch Beer ဘီယာချက်စက်ရုံက တိရိစ္ဆာန်တွေကိုထိန်းသိမ်းစောင့်ရှောက်ပေးနေတဲ့ အဖွဲ့အစည်းဖြစ်တဲ့ Best Friends Animal Society ကို Busch Dog Brew ခွေးဘီယာ ၄ ဘူးတွဲ ပက်ကေ့ချ် တစ်ခုရောင်းရတိုင်း ၁ ဒေါ်လာ ထောက်ပံ့သွားမှာဖြစ်ပြီး အမြင့်ဆုံရံပုံငွေအဖြစ် ဒေါ်လာ ၅ သောင်း (ထိုင်းဘတ် ၁ သန်းခွဲ) ထိထောက်ပံ့ပေးသွားနိုင်ဖို့ ရည်ရွယ်ထားလို့သိရပါတယ်။

SHARE THIS NEWS

OTHER NEWS