26 April 2024

ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့ကော်မြို့မှာ ဒီဇင်ဘာ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်ဖွဲ့ဘက်က ၁၈ ဦးသေဆုံးပြီး ၈ ဦးကိုတော့ လက်နက်နှင့်အတူ အရှင်ဖမ်းမိခဲ့တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့ တရားဝင် သတင်းဌာနဖြစ်သည့် PVTV က ပုံနှင့်တကွသတင်းထုတ်ပြန်လိုက်တယ်လို့ သံလွင်ပို့စ်သတင်းဌာနကဖော်ပြထားပါတယ်။

 

အရှင်ဖမ်းမိသူထဲမှာ BGF တပ်သား နှစ်ဦးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးပါရှိတယ်လို့ PVTV က သတင်းထုတ်ပြန်ပါတယ်။

 

ဓာတ်ပုံ – စစ်မြေပြင်သတင်းနဲ့ပြန်ကြားရေး (တောင်ပိုင်းတိုင်း)

SHARE THIS NEWS

OTHER NEWS