10 May 2024

ဓာတ်ပုံ Sanook

 

စက်တင်ဘာ ၃၀ ရက်၊ ၂၀၂၁

 

ကိုဗစ်-၁၉ ရိုက်ခတ်မှုကြောင့် ပြည်တွင်းစားသုံးမှုနှင့်ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုညွှန်းကိန်းကျဆင်းလာ၍ ပြီးခဲ့သည့် ဩဂုတ်လတွင်ဇူလိုင်လထက် ထိုင်းစီးပွားရေးကျဆင်းလာသည်ဟု ထိုင်းစီးပွားဘဏ္ဍာရုံးပြောရေးဆိုခွင့်ရှိသူ ဝုဒိဖွန် ကျစ်တန့်စကွန် ကဆိုသည်။

 

အတောမသတ်နိုင်သည့် ကိုဗစ်-၁၉ ရိုတ်ခတ်မှုကြောင့် ပြီးခဲ့သည့်ဩဂုတ်လတွင် မော်တော်ယာဉ် ရောင်းအားနှင့်မော်တော် ဆိုင်ကယ်လိုင်စင်အသစ်တင်သည့်ကိန်းဂဏန်းသည် ၃၅ ရာခိုင်နှုန်း ကျ ဆင်းခဲ့ပြီး စားသုံးသူယုံကြည်မှုညွှန်းကိန်းသည် ဇူလိုင်လတွင် ၄၀.၉ ရှိခဲ့ရာမှ ၃၉.၆ သို့ ကျဆင်းလာ ခဲ့သည်ဟု ၎င်းကဆိုသည်။

 

မည်သို့ဆိုစေ တင်ပို့မှုကဏ္ဍသည် ၆ လဆက်တိုက်တိုးတက်ခဲ့ပြီး တန်ဖိုးဖြည့်ခွန် (VAT) ကောက်ခံမှုသည်နှစ်စဉ် ၁၂.၄ ရာခိုင်နှုန်းတိုးတက်နေသည့်အပြင် တောင်သူလယ်သမားများ၏ဝင်ငွေသည်လည်း နှစ်စဉ် ၅.၉ ရာခိုင်နှုန်းတိုးတက်ခဲ့သည်ဟု ဆက်လက်ပြောကြားသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS