26 April 2024

ရုရှားနည်းပညာမြင့်လုပ်ငန်းစု Rostec ရဲ့လက်အောက်ခံ Technodynamika ကုမ္ပဏီဟာ အက်ရှင်ကားတွေထဲ ကလို အသုံးပြုပြီးတာနှင့် အချက်အလက်တွေမပေါက်ကြားအောင် flash drive ထဲက မမ်မိုရီချစ်ပ်များကို ဖျက်စီးပစ်နိုင်တဲ့ USB flash drive တစ်ခုကို တီထွင်ကြံဆ ထုတ်လုပ် ခဲ့ပါတယ်။

 

USB flash drive ကိုဖျက်စီးရာမှာ ရုပ်ရှင်တွေထဲကလို လျပ်တစ်ပျက်ပေါက်ကွဲသွားအောင် ဖျက်စီးတာမျိုး မဟုတ်ဘဲ နောက်ထပ် အသုံးပြုလို့ မရအောင် မမ်မိုရီချစ်ပ်များကို ဖျက်စီးပစ်ရုံသက်သက်သာတီထွင်ထားခြင်း ဖြစ်တယ်လို့သိရပါတယ်။ ဒီလိုဖျက်စီးနည်းဟာ အသုံးပြုသူကို အန္တရာယ်ဖြစ်စေမှာမဟုတ်ဘဲ အသုံးပြုသူအနေနဲ့ မိမိဖျက်စီးလိုတဲ့အချိန်ကို သတ်မှတ်နိုင်မှာလည်းဖြစ်တယ်လို့ဆိုပါတယ်။

 

ဒီ USB flash drive ဟာ ခွင့်ပြုချက်မဲ့ဒေတာထဲဝင်ရောက်ခြင်းကို ကာကွယ်နိုင်မယ့်အပြင် မမ်မိုရီချစ်ပ်ကို ဖျက်စီးပြီးနောက် အချက်အလက်တွေကို ပြန်လည်ရယူဖို့ ရာခိုင်နှုန်းမရှိသလောက်နည်းပါးတယ်လို့သိရပါတယ်။

 

တကယ်တမ်းတော့ မိမိကိုယ်တိုင် အသုံးပြုပြီးနောက် အလိုအလျောက် ဖျက်စီးပစ်နိုင်တဲ့ flashdrive ထွက်ပေါ်လာခြင်းဟာ အဆန်းတော့မဟုတ်ပါဘူး။ လက်ရှိအနေအထားအရ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ၊ အလွန်တန်ဖိုးဖြတ်ရခက်တဲ့ အချက်အလက်တွေကို cloud ပေါ်တင်ထားခြင်းကလည်း ရာနှုန်းပြည့် စိတ်ချယုံကြည်ရတယ်လို့မဆိုနိုင်သေးပါဘူး။

 

အခုလိုမျိုး ကိုယ်တိုင် ဖျက်စီးပစ်နိုင်တဲ့ flashdrive ထွက်ပေါ်လာ ခဲ့ခြင်းဟာလည်း နောက်ဆို မပေါက်ကြားစေလိုတဲ့ အချက်အလက် တွေကို အနည်းနှင့်အများတော့ ထိန်းသိမ်းထားနိုင်မှာပဲဖြစ်ပါတယ်။

SHARE THIS NEWS

OTHER NEWS