12 May 2024

တာ့ခ်ခရိုင်တွင် တရားမဝင်မြန်မာလုပ်သားတင်ဆောင်လာသည့်ယာဉ် ၁၀ စီးဖမ်းမိ၊ တရားမဝင်လုပ်သား ၁၀၀ ဦးဖမ်းဆီး။

တာ့ခ်ခရိုင်၊ ထာ့စောင်းယန်မြို့နယ်တွင် နယ်ခြားစောင့်တပ်နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့ပါဝင်သော ဌာနစုံပူးပေါင်းတပ်ဖွဲ့က တရားမဝင်မြန်မာလုပ်သား ၁၀၀ ဦးကိုတင်ဆောင်လာသောမော်တော်ကား ၁၀ စင်းကိုဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။

အဆိုပါ မော်တော်ယာဉ်များသည် တရားမဝင်လုပ်သားများကို ချင်းမိုင်ခရိုင် အွမ်ကွိုင်မြို့နယ်သို့ပို့ဆောင်ရန်မောင်းနင်လာခြင်းဖြစ်သည်ဟု ဆိုသည်။

ဖမ်းဆီးရမိသည့် မြန်မာလုပ်သာများအား တရားဉပဒေအရအရေးယူဆောင်ရွက်နိုင်ရန် မြို့မရဲစခန်းသို့ပို့ဆောင်ထားသည်ဟု ဖော်ပြထားသည်။

 

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS