26 April 2024

ဒီဇင်ဘာလ ၂၄ ရက်နေ့က ကရင်ပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးတွင်၊ စစ်‌ကောင်စီက ကလေးသူငယ်များ၊ အမျိုးသမီးများအပါအဝင် ပြည်သူ ၃၅ ဦးကို အရှင်လတ်လတ် ဖမ်းဆီး မီးရှို့သတ်ဖြတ်လိုက်ကြောင်း သတင်းရင်းမြစ်များ၏ အတည်ပြုချက်အရသိရသည်။

 

အသတ်ခံရသောပြည်သူများမှာ စစ်ရှောင်ရင်းလမ်းခုလပ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များ၏ ရက်စက်စွာသတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း ပြည်သူတစ်ဦးက AP သတင်းဌာနသို့ပြောကြားခဲ့သည်။

 

အရှင်လတ်လတ်ဖမ်းဆီးမီးရှို့သတ်ဖြတ်ခံခဲ့ရသည့် ပြည်သူများ၏ ရုပ်အလောင်းများမှာ မီးကျွမ်းပြီး အရိုးများသာ ကျန်ရှိနေခြင်းကြောင့် အခုချိန်ထိ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ခြင်းမရှိကြောင်းသိရသည်။

 

အကြမ်းဖက်စစ် ကောင်စီတပ်များ ၏ အပြစ်မဲ့ပြည်သူများကို အစုလိုက် အပြုံ လိုက်အကြောင်းမဲ့သတ်ဖြတ်မှုသည် လူသားများအပေါ်ကျူးလွန်သောရာဇဝတ်မှုဖြစ်ကြောင်း KNDF က တရားဝင် ထုတ်ပြန်ကြေညာထား သည်။

 

စစ်ကောင်စီတပ်များ ရက်စက်ကြမ်းကျုတ်စွာ အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့မှုမှာ အလောင်း ၃၀ ထက်မနည်း သေဆုံးသွားခဲ့ရကြောင်ူ ကရင်နီသတင်းရင်းမြစ် PKPF နှင့် ကရင်နီလူငယ်ခေါင်းဆောင်များက အတည်ပြုသည်။

 

SHARE THIS NEWS

OTHER NEWS