27 April 2024

,

နေ့နာမ်အလိုက် အားနည်းချက်၊ အားသာချက်တွေကို စုစည်းတင်ပြလိုက်ပါတယ်။

တနင်္လာသားသမီးများ

အားနည်းချက်  : တနင်္လာသားသမီးတွေဟာ ကိုယ်ပိုင်ဆုံးဖြတ်ချက် ဦးတည်ချက်တွေနဲ့ နေရတာကိုကြိုက်နှစ်သက်တဲ့ သူတွေပါ ဒါကြောင့် သူတို့ကို အပြင်ပိုင်းပုံသဏ္ဍန်ကိုကြည့်ပြီး ခွဲခြားဆုံးဖြတ်မယ်ဆိုရင် မာနကြီးတဲ့သူတွေလို့ထင်မိမှာပါ။ ဝမ်းနည်းရလွယ်တယ် အလုပ်ကိုစွဲစွဲမြဲမြဲရယ်လို့ လက်ကိုင်ထားမလုပ်ကြဘူး။

အားသာချက် ဘယ်လိုအခြေအနေဆိုးတွေနဲ့ ရင်ဆိုင်နေရပါစေ တနင်္လာသားသမီးတွေဟာ ထွက်ပေါက်ရှာနိုင်ကြပါတယ်။ အမြဲလည်း ပြုံးရယ်ပြီး ပြဿနာတွေကို ဖြေရှင်းတတ်ကြပါတယ်။ စကားမရှုပ်ဘူး ဘယ်သူ့ကိုမှအတင်းအကျပ်မစေခိုင်းဘူး သူတို့ကို အတင်းအကျပ်သွားခိုင်းပြန်ရင်လည်းမကြိုက်တတ်ကြပါဘူး။

အင်္ဂါသားသမီးများ

အားနည်းချက်  :  စိတ်တိုလွယ်တယ် အချစ်ကြီးတယ်၊ သေချာမစဉ်းစားမဆင်ခြင်ဘဲ ဆုံးဖြတ်ချက်ချလေ့ရှိတယ်။ သူတစ်ပါးဝမ်းသာတာကိုတွေ့မြင်နေရရင်သူတို့က ပိတိဖြစ်တတ်ကြတယ်။ ဒါပေမယ့် သူတို့ စိတ်ခံစားချက်တွေကို ထုတ်ဖေါ်ပြောကြားလေ့မရှိဘူး။

အားသာချက် အင်္ဂါသားသမီးတွေဟာ သစ္စာအရမ်းရှိကြတယ်၊ အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင် အသေးအမွှားက အစ စည်းနဲ့ကမ်းနဲ့ လုပ်လေ့ရှိတယ်။ သူမှာရှိတဲ့ပျော်ရွှင်မှုတွေကို အမြဲမျှဝေနေတတ်သူဖြစ်တယ်။

ဗုဒ္ဓဟူးသားသမီးများ

အားနည်းချက်  : စိတ်ခံစားရလွယ်တယ် အားငယ်တတ်တယ် အမြဲတမ်း အချစ်ရေးနှင့်ပတ်သက်ရင် ရှုံးနိမ့်နေရတယ်။ တစ်ဦးတည်းနေတာကိုနှစ်သက်ကြသူတွေဖြစ်တယ်။

အားသာချက် ဘယ်အရာလုပ်လုပ် ရည်မှန်းချက်ကြီးပြီး အဆုံးထိလျှောက်တယ်။ စိတ်ဓာတ်ကျခဲတယ် အရာအားလုံးကို ဖြတ်ကျော်နိုင်စွမ်းရှိတယ်။

ကြာသပတေးသားသမီးများ

အားနည်းချက်  : ကြာသပတေးသားသမီးတွေ ဟာ ပျော်ပျော်ရွှင်ရွှင်နေတတ်ကြတဲ့သူတွေဖြစ်တယ်။ ဒါပေမယ့် အဆိုးဆုံးအားနည်းချက်က သူတို့ကိုစိတ်ဆိုးအောင်လုပ်တဲ့သူတွေကို မျက်စိပိတ်နားပိတ် မရရတဲ့နည်းနဲ့ ကလဲ့စားချေတတ်ကြတယ်။

အားသာချက် :  ခိုင်မာတဲ့စိတ်ဓာတ်ရေးရာပိုင်ဆိုင်ထားကြတဲ့သူတွေဖြစ်တယ်။ အပေါင်းအသင်းတွေကြားထဲ လူချစ်လူခင်ပေါအောင်နေတတ်တယ်။

သောကြာသားသမီးများ

အားနည်းချက်  : အပြင်ပိုင်းကိုကြည့်ပြီးအများအားစုက လွတ်လပ်စပယ်နေတဲ့သူလို့ ထင်ကောင်းထင်နိုင်တယ်။ တစ်ခုခုကို လိုချင်ရင်ရအောင်ယူတတ်တဲ့အကျင့်ရှိတယ်။

အားသာချက် : ပြဿနာတွေကိုဖြေရှင်းတဲ့နေရာမှာ သွက်လက် ချက်ချာ သူဖြစ်တယ်။ သစ္စာရှိတယ် အစွဲအလမ်းကြီးတယ်။ ချစ်သူကိုအရမ်းစိတ်ပူတတ်တဲ့အကျင့်ရှိတယ်။

စနေသားသမီးများ

အားနည်းချက်  : စနေသားသမီးတွေဟာ သူငယ်ချင်းအပေါင်းအသင်းပေါင်းတဲ့အခါအမြဲစိတ်ကိုနှစ်ပြီး ပေါင်းသင်းကြတဲ့သူတွေ ဖြစ်တယ်၊ အားနည်းချက်ကိုပြောရမယ်ဆိုရင် အစနောက်သန်တယ်။ စရာကခိုက်ရန်ဖြစ်ပွားတဲ့ အဆင့်ထိရောက်‌လေ့ရှိတယ်။

အားသာချက် : အချစ်ကြီးတယ်…မုန်းရင်လည်းလှည့်မကြည့်တော့တဲ့သူတွေဖြစ်တယ်။

တနင်္ဂနွေသားသမီးများ

အားနည်းချက်  : သူငယ်ချင်းအရင်းတွေမဟုတ်ဘဲ အခြားသူတွေဆိုရင် တနင်္ဂနွေသားသမီးတွေကို မာနကြီးတဲ့သူ တစ်ယောက်လို့ ထင်ကောင်းထင်လေ့ရှိကြတယ်။

အားသာချက် အလုပ်ကိစ္စနဲ့ပါတ်သက်လို့ ဦးဆောင်တတ်သူဖြစ်တယ် ရင်းနှီးမြှပ်နှံရဲတယ်။ အလုပ်တွေကို လက်ဝယ်ချန်ထားလေ့ မရှိကြဘူး။

SHARE THIS NEWS

OTHER NEWS