3 May 2024

တိုင်ဖွန်း Koinu သည် ထိုင်ဝမ်တောင်ပိုင်းကို ဝင်ရောက်တိုက်ခတ်လျက်ရှိ။ ထို့ကြောင့် လူ ၁ ဦးသေဆုံးကာ လူ ၃၀၀ ကျော် ဒဏ်ရာရရှိကာ အိမ်အချို့ ပျက်စီးခဲ့။
တိုင်ဖွန်း Koinu သည် Hengchun ကျွန်းဆွယ်တွင် Category 4 တိုင်ဖွန်းမုန်တိုင်းအဖြစ် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ခဲ့ပြီး ထိုင်ဝမ်ရေလက်ကြားသို့ ရွေ့လျားလာသည်နှင့်အမျှ အားပျော့သွားကြောင်း ယနေ့ (အောက်တိုဘာ ၅ ရက်၊ ၆၆ ရက်) ရိုက်တာသတင်းအေဂျင်စီက ဖော်ပြသည်။ တရုတ်နိုင်ငံ Guangdong ပြည်နယ်သို့ ဦးတည်သွားခဲ့ရာ အနည်းဆုံး လူတစ်ဦး သေဆုံးပြီး ၃၀၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆောက်အဦအချို့ အနည်းငယ် ပျက်စီးခဲ့သည်။ ကျွန်းတစ်ဝှမ်းရှိ မြို့ကြီးများတွင် သန်းနှင့်ချီသောလူများသည် ဘေးကင်းလုံခြုံရန် အလုပ် နဲ့ ကျောင်းကို ပိတ်ခဲ့ရသည်။ လေကြောင်ႊခရီးစဉ်ပေါင်း ၂၀၀ ကျော်ကို ဖျက်သိမ်းခဲ့ရပါတယ်။ တောင်တန်းဒေသများရှိ လူပေါင်း ၃၀၀၀ နီးပါးသည် ၎င်းတို့၏ နေအိမ်များကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ကြရကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
ဒီမုန်တိုင်းဟာ မနက်ဖြန်အထိ မိုးသည်းထန်စွာရွာနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ အထူးသဖြင့် ထိုင်ဝမ်၏ တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများတွင်မိုႊရွာမည် ဖြစ်သည်။ Orchid ကျွန်းတွင် ကားအမြောက်အမြား လမ်းမပေါ်မှ ပြုတ်ကျခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေသည်။ ဆိပ်ကမ်းသို့ ဆိုက်ကပ်ထားသည့် ငါးဖမ်းလှေများသည် လှိုင်းလုံးကြီးဖြင့် မျောပါသွားပြီး နစ်မြုပ်ခဲ့ကြသည်။

SHARE THIS NEWS

OTHER NEWS