27 April 2024

ဗီယက်နမ်နိုင်ငံ၏ ပထမဆုံးမိုးပျံရထားလိုင်းကို ပြီးခဲ့သည့် နိုဝင်ဘာ ၆ ရက်နေ့တွင်စတင်ပြေးဆွဲ။

 

ဆောက်လုပ်ရေးလုပ်ငန်းများသုံးလေးနှစ်ကြန့်ကြာခဲ့ပြီးနောက် လူဦးရေ ၉ သန်းကျော်နေထိုင်သောမြို့တော်ဟာနွိုင်းတွင် ယာဉ်ကြောကြပ်တည်းမှုပြဿနာကိုဖြေရှင်းနိုင်ရန်အတွက် နိုင်ငံ၏ပထမဆုံးမိုပျံရထားလိုင်းကို ပြီးခဲ့သည့်နိုဝင်ဘာ ၆ ရက်နေ့တွင် စတင်ပြေးဆွဲနိုင်ခဲ့ပြီဟု သိရသည်။

 

စတင်ပြေးဆွဲသည့် ပထမ ၁၅ ရက်တွင် အခမဲ့စီးနင်းခွင့်ပြုထားပြီး ထို့နောက် လက်မှတ်ခကို ဗီယက်နမ် ငွေ ၈,၀၀၀ မှ ၁၅,၀၀၀ ဒွန်း (၁၁- ၂၂ ဘတ်) ကောက်ခံသွားမည်ဖြစ်ကာ လပေးလက်မှတ်တစ်စောင် လျှင် ၁ သိန်းမှ ၂ သိန်းဒွန်း (၁၄၆မှ ၂၉၃ ဘတ်) ဖြင့်ရောင်းချသွားမည်ဟု သိရသည်။

 

 

ကနဦးတွင် နေ့စဉ် နံနက် ၅ နာရီခွဲမှ ည ၈ နာရီအထိပြေးဆွဲသွားမည်ဖြစ်ပြီး ၁၅ မိနစ်ခြားပြေးဆွဲသွားမည်ဖြစ်ကာ စတင်ပြေးဆွဲသည့်ဒုတိယအပတ်မှစ၍ ၁၀ မိနစ်ခြားပြေးဆွဲသွားမည်ဟု သိရသည်။

 

ပြေးဆွဲကာလ ၆ လပြည့်သည့်နောက်တွင် ည ၁၀ နာရီခွဲအချိန်ထိပြေးဆွဲသွားမည်ဖြစ်ပြီး ရုံးတက်ရုံး ဆင်းချိန်တွင် ၆ မိနစ်ခြားပြေးဆွဲသွားမည်ဟု သိရသည်။

 

 

ဘေးကင်းလုံခြုံရေးနှင့်ကုန်ကျစရိတ်မြင့်တက်လာသည့်ပြဿနာကြောင့် အဆိုပါ Cat Linh-Ha Dong မိုးပျံရထားလိုင်းတည်ဆောက်မှုကို သုံလေးကြိမ်ရပ်ဆိုင်းထားရပြီး ၁၀ နှစ်တိတိအချိန်ယူတည်ဆောက်ခဲ့ရသည်။ မူလမတည်ကုန်ကျစရိတ်မှာ ကန်ဒေါ်လာသန်း ၅၅၀ သာဖြစ်သော်လည်း ကန်ဒေါ်လာ သန်း ၉၀၀ နီးပါးအသုံးပြုခဲ့ရသည်ဟု ဆိုသည်။

 

 

မည်သို့ဆိုစေ မြို့တော်ဟာနွိုင်းတွင် လာမည့် ၂၀၃၀ ခုနှစ်အတွင်း မိုးပျံရထား ၉ လိုင်းထပ်မံတည်ဆောက်သွားမည်ဟု သိရှိရသည်။

 

 

 

 

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS