9 May 2024

လာမည့်နှစ်အတွင်း “ဆေးခြောက်” ကိုမူးယစ်ဆေး စာရင်းထဲမှ အလုံးစုံ ပယ်ဖျက်သွားမယ်လို့ ဒုဝန်ကြီးနှင့် ကျန်းမာရေးဝန်ကြီး “အနုထင်” က မဲခေါင်မြစ်ကမ်းနှဖူးခရိုင် နခွန်ဖနုံမြို့မှာ ကျင်းပခဲ့တဲ့ “ဆေးခြောက် Kick off” အခမ်းအနားမှာ ပြောခဲ့ပါတယ်။

 

ဒုဝန်ကြီးနှင့် ကျန်းမာရေးဝန်ကြီး “အနုထင်” ဟာ ရွေးကောက်ပွဲကာလအတွင်း ၎င်း ကြွေးကြော်ခဲ့တဲ့ “ထိုင်းနိုင်ငံအတွင်းဆေးခြောက်တရားဝင်ဖြစ်စေရမယ်” ဆိုတဲ့စကားအတိုင်း ဆေးခြောက်ကို မူးယစ်ဆေးစာရင်းမှ ပယ်ဖျက်နိုင်ရန်လုပ်ဆောင်ခဲ့သူပါ။

 

သူဟာ ပထမဆုံးခြေလှမ်းအဖြစ် ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာမှာ အသုံးပြုဖို့နှင့် ဘိန်းစာရွက်တရားဝင် သုံးဆွဲခွင့်ကို လွှတ်တော်ထဲအဆိုတင်ပြုခဲ့ရာ ၂၀၂၁ အစောပိုင်းမှာတော့ ထိုင်းလွှတ်တော်က “ဆေးခြောက်” ကိုဆေးဘက်ဆိုင်ရာနှင့် ထိုင်းတိုင်းရင်းဆေးတွေမှာ ထည့်သွင်းအသုံးပြုခွင့် ပေးခဲ့ပြီး ဘိန်းစာရွက်ကို မူးယစ်ဆေးစာရင်းမှ ပယ်ဖျက်ကာ တရားဝင် ရောင်းဝယ်ဖြန့်ဖျူးခွင့် ပေးခဲ့ ပါတယ်။

 

၂၀၂၁ ဒီဇင်ဘာလ ၁၁ ရက်နေ့က နခွန်ဖနုံမြို့ မဲခေါင်မြစ်နံဘေးမှာ ကျင်းပခဲ့တဲ့ “ဆေးခြောက် Kick off” အခမ်းအနားမှာ ဒုဝန်ကြီးနှင့် ကျန်းမာရေးဝန်ကြီး “အနုထင်” က သူဟာ ထိုင်းခရီးသွားကဏ္ဍနှင့် ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတစ်ရပ် ပေါ်ပေါက်စေရန် လာမည့်နှစ်မှာ ဆေးခြောက်ကို မူးယစ်ဆေးစာရင်းမှ အပြီးသတ်ပယ်ဖြတ်နိုင်ရန် လုပ်ဆောင်သွားမှာဖြစ်ပြီး ထိုင်းနိုင်ငံတွင်း ဆေးခြောက်ကို တရားဝင် စိုက်ပျိုး သုံးဆွဲခွင့်ရရှိရန်နှင့် မဲခေါင်မြစ်ဝှမ်းတစ်လျှောက်မှာ ရှိတဲ့ ဆေးခြောက် မှောင်ခိုသယ်ယူရေး လုပ်ငန်းတွေကို နှိမ်နှင်း လျှော့ချ နိုင်ရန် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ပြောခဲ့ပါတယ်။

 

 

 

 

ထပ်မံပြီး ၎င်းက အခမ်းအနားကို တက်ရောက်လာကြတဲ့ ရပ်ကွက်လူကြီးတွေကိုလည်း မိမိရပ်ကွက်တွင်းမှာ နေထိုင်တဲ့ ပြည်သူလူထုကို ယခု ဆေးရုံအသီးသီးမှာထားရှိထားပြီဖြစ်တဲ့ ဆေးခြောက်ဖြင့်ဖေါ်စပ်ထားတဲ့ ဆေးနည်းတွေကို လေ့လာသင်ယူကြရန် နှင့် ဆေးခြောက်ကို တရားဝင်ခွင့်ပြုမယ့်အချိန်မှာ အလုပ်အကိုင်အခွင့်အလမ်းပေါ်ပေါက်စေရန် ဆေးခြောက်ဖြင့်ထုတ်လုပ်နိုင်မယ့် ထုတ်ကုန်တွေကို လေ့လာထားကြဖို့ မှာကြားခဲ့ပါတယ်။

SHARE THIS NEWS

OTHER NEWS