26 April 2024

,

ဆေးရုံဆေးခန်းကပေးတဲ့ ဆေးတွေအပြင် ကျွန်ုပ်တို့နေ့စဉ်စားသုံးနေတဲ့ အစားအသောက်တွေကလည်း စားတတ်ရင် ဆေးဖြစ်စေပါတယ်။ ဘယ်လိုအစားအစာတွေက ကျွန်ုပ်တို့ရဲ့ခန္ဓာကိုယ်ကို အထောက်အကူဖြစ်စေသလဲ ဆိုတာသွား ကြည့်လိုက်ကြရအောင်။

၁. ရေသန့် 

ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်ကို ရေဓာတ် ၇၀ ရာခိုင်နှုန်းနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဒါကြောင့် ရေဓာတ်ဟာ ခန္ဓာကိုယ်မှာ အရေးအကြီးဆုံး လို့ပြောလို့ရပါတယ်။ ခန္ဓာကိုယ်တွင်းရေဓာတ်ဟာ သင့်လျော်တဲ့ ပမာဏမှာရှိဖို့လိုပါတယ်။ ဒါကြောင့် တစ်နေ့မှာ ခန္ဓာကိုယ် က လိုအပ်တဲ့ ရေပမာဏကိုသောက်သုံးပေးခြင်းဟာလည်း ကျန်းမာခြင်းအတွက် လာဘ်တစ်ပါး လို့ဆိုနိုင်ပါတယ်။

၂. အစိမ်းရောင်အရွက်

အစိမ်းရောင်အရွက်တွေမှာ ဗီတာမင်စီနဲ့ ဗီတာမင်အီး ဓာတ်တို့ကြွယ်ဝပါတယ်။ နာမကျန်းဖြစ်တဲ့အခါတွေမှာ အစိမ်းရောင်အရွက်တွေကို စားသုံးပေးခြင်းဟာလည်း အချိန်တိုအတွင်းမှာ နာလန်ပြန်ထူနိုင်စေမှာပါ။

၃. ကြက်သွန်ဖြူ 

ကြက်သွန်ဖြူကရတဲ့ အာနိသင်တွေကိုတော့ သိပ်မပြောပလောက်တော့ဘူးထင်ပါတယ်။ ကြက်သွန်ဖြူက ဘက်စုံအသုံး ဝင်တဲ့အပြင် နေမကောင်းဖြစ်တဲ့အခါမှာလည်း နာလန်ထူနိုင်အောင် အထောက်အကူပြုတဲ့အပြင် ကြက်သွန်ဖြူကို အစဉ်အမြဲစားသုံးပေးမယ်ဆိုရင်တော့ အခြားရောဂါတွေဖြစ်မှာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်နော်။

၄. မုန်လာဥနီ 

Beta-carotene ဓာတ်နှင့် ဗီတာမင်အေ ဓာတ်တို့ဟာ မုန်လာဥနီမှာကြွယ်ဝပါတယ်။ သူရဲ့ဂုဏ်သတ္တိတွေကတော့ ခန္ဓာကိုယ်မှာ ယိုယွင်းနေတဲ့ ဆဲလ်တွေကို ပြန်လည် ကုစားပေးနိုင်စွမ်းရှိပြီး နာမကျန်းဖြစ်တဲ့အချိန် စားသုံးပေးမယ် ဆိုရင် ပြန်လည်နာလန်ထူနိုင်ဖို့အထောက်အကူပြုပါတယ်။

၅. ဒိန်ချဉ်

နာမကျန်းဖြစ်တဲ့အခါ လည်ချောင်းနာတာ ချောင်းဆိုးတာ စတဲ့ လက္ခဏာတွေဟာ ပူးတွဲပါလာစမြဲပါ။ နေမကောင်းဖြစ်တဲ့အချိန်မှာ ဒိန်ချဉ်သောက်သုံးပေးခြင်းဟာလည်း လည်ချောင်းနာတဲ့ ဝေဒနာကို ကုစားပေးနိုင်မှာဖြစ်ပါတယ်။

၆. ဥများ

ကြက်ဥ၊ ဘဲဥ၊ ငုံးဥ စသည်ဖြင့် ဥများမှာ ဆယ်လီနီယမ်ဓာတ်ကြွယ်ဝပါတယ်။ ကိုယ်ခံအားစနစ်လည်ပတ်မှုကို အထောက်အကူပြုပြီး ပရိုတိန်း နှင့်အမိုင်နို အက်ဆစ်များကဲ့သို့သောအသုံးဝင်သောအာဟာရများလည်း တာကြောင့် ဥများစားသုံးပေးခြင်းနဲ့ နာမကျန်းဖြစ်နှုန်းလျော့ချပေးနိုင်ပါတယ်။

၇. ဂျင်း 

တစ်ခါတရံအအေးမိတဲအခါတွေမှာ မကြာခဏပျို့အန်ခြင်းတွေဖြစ်လေ့ရှိပါတယ်။ ဂျင်းစားသုံးခြင်းနဲ့ ပျို့အန်နှုန်းကို လျှော့ချနိုင်ပြီး ဂျင်းပြုတ်ရည်သောက်သုံးခြင်းကလည်း လည်ချောင်းနာခြင်း ချောင်းဆိုးခြင်းတွေကို ကုစားနိုင်ပါတယ်။

ဖေါ်ပြထားတဲ့ အစားအစာတွေကို စားသုံးပေးခြင်းနဲ့ နာမကျန်းဖြစ်နှုန်းကို လျှော့ချနိုင်တယ်ဆိုပေမယ့် တန်ဆေး လွန်ဘေး ဆိုတဲ့ စကားနဲ့အညီ ဘယ်အရာကိုပဲဖြစ်ဖြစ် သင့်လျော်တဲ့ပမာဏခန့်သာ စားသုံးသင့််ပြီး နာမကျန်းဖြစ်တဲ့ အချိန်တွေမှာ အစာအဟာရ ၅ မျိုးကို ပြည့်စုံအောင်စားသုံးပေးသင့်ပါတယ်။

SHARE THIS NEWS

OTHER NEWS