29 April 2024

,

 ၅ နှစ်ကျော် ပျောက်သွားပြီး တကယ့်ကို စောင့်ရကျိုးနပ်အောင် ခမ်းခမ်းနားနားနဲ့ပြန်ပေါ် လာတဲ့ Oppa Gong

Yoo ရဲ့ စီးရီးအသစ်ကို လာမဲ့ ၂၄ ရက်နေ့ ၁၂ လပိုင်းမှာ  Netflix မှ ကြည့်ရှုနိုင်တော့ မှာဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားနာမည်ကတော့ The Silent Sea ဖြစ်ပြီး အပိုင်း ကတော့ ၈ ပိုင်းမျှသာရှိပါတယ်။

The Silent Sea ဇာတ်လမ်းတွဲအကြောင်းလေးကတော့ အစာရေစာမရှိတဲ့ အနာဂတ်ကမ္ဘာပေါ်မှာ

သုတေသန ပြုလုပ်ရန် အထူးတပ်ဖွဲ့ဝင်တစ်ဖွဲ့ကိုစေလွှတ်ခဲ့တဲ့ အကြောင်းအရင်းကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။

 အဲဒီထဲမှာမှ  Gong Yoo ဟာမစ်ရှင်ရှာဖွေရေးအဖွဲ့၏ ခေါင်းဆောင် Han Yoon Jae အဖြစ်သရုပ်ဆောင်ထားပြီး မင်းသမီး Bae Doona ကတော့ နက္ခတ္တဗေဒပညာရှင် Song Ji An အဖြစ် ပါဝင်သရုပ်ဆောင်ထားကာ  မင်းသား  Lee Joon ကတော့ ကာကွယ်ရေး ဝန်ကြီးဌာန၏ အဓိက အဖွဲ့ဝင် အင်ဂျင်နီယာချုပ် Ryu Tae Suk အဖြစ် သရုပ်ဆောင်ထားပါတယ်။

မင်းသား Gong Yooကတော့ Han Yoon Jae အဖြစ်သရုပ်ဆောင်ထားပါတယ်။

လေ့လာရေးခေါင်းဆောင် တစ်ယောက်အဖြစ်အဖွဲ့ဝင်တွေကို ခေါ်ဆောင်သွားကာ အန္တရာယ်ဖြစ်မဲ့အရာတွေကို သိသင့်သလောက်သိထားတဲ့အတွက် အဖွဲ့ဝင်တွေကို ဘေးကင်းအောင် ပထမဆုံးဦးစားပေးပြီး ရှေ့ဆောင်လမ်းပြ ဖို့အတွက် တွန့်ဆုတ်မနေဘဲ အန္တာရာယ်ကို ကာကွယ်ပေးပြီး ခေါ်ဆောင်သွားခဲ့တယ်။ မင်းသား Han Yoon Jae နဲ့ မင်းသမီး Song Ji An မစ်ရှင်အတွက် ပြင်ဆင်နေစဉ် ထိပ်တိုက်တွေရှိခဲ့ပြီးဖြစ်ကြပါ တယ်။

 Bae Doona ကတော့ နက္ခတ္တဗေဒပညာရှင် Song Ji An အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး

အာကာသအပြင်ဘက်မှာ သွားရောက်စစ်ဆေးဖို့အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီး အာကာသအပြင်ဘက်မှာ ဘာကြောင့်ဗုံးတွေပေါက်ရတာလဲဆိုတာကို စူးစမ်းလေ့လာဖို့အတွက် အရင်တစ်ခေါက်က ဗုံးကြောင့်လူတွေအများအပြားသေဆုံးခဲ့ပြီး အဲ့ဒီထဲမှာမှ မင်းသမီးရဲ့ ညီမလေးပါ ပါဝင်သေဆုံးခဲ့ပါ တယ်။

Lee Joon ကတော့ ကာကွယ်ရေး ဝန်ကြီးဌာန၏ အဓိက အဖွဲ့ဝင် အင်ဂျင်နီယာချုပ် Ryu Tae Suk အဖြစ် သရုပ်ဆောင်ထားပြီး

အရမ်းတော်တဲ့အင်ဂျင်နီယာချုပ်တစ်ယောက်ဖြစ်တဲ့အပြင် သူကအဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီးတော့ မစ်ရှင်လုပ်ရတာတွင် အန္တရာယ်ပေါင်းများစွာနဲ့တွေ့ခဲ့ရသောကြောင့် အရမ်းကို စိတ်ပျက်သွားခဲ့ပြီး ပြန်ချင်စိတ်တွေပေါက်လာအောင်ဖြစ်လာတယ်။ ဒါပေမဲ့ အရှေ့မှာ ဖြစ်လာတဲ့ အန္တရာယ်ဖြစ်လာတဲ့အရာတွေကို သိချင်တဲ့အတွက် ရှေ့ဆက်သွားခဲ့တယ်။

SHARE THIS NEWS

OTHER NEWS