28 April 2024

စရန်ငွေ ဒေါ်လာ ၁ သိန်းကျော် အရှုံးခံပြီး နုတ်ထွက်ခဲ့လို့ အသက်ဘေးလွတ်
.
ဇွန် ၂၃ ရက်၊ ၂၀၂၃
.
တိုင်တန်းနစ်သင်္ဘောပျက်သွားရောက်ကြည့်ရှုရေးခရီးစဉ်နှင့်ပတ်သက်ပြီး ဝါရင့်စူးစမ်းလေ့လာရေး ပညာရှင် တစ်ဦးဟာ အဆိုပါခရီးစဉ်ရဲ့ ပရိုဖက်ရှင်နယ်မဆန်တာကို သတိပြုမိတဲ့နောက်မှာ စရန်ငွေ ဒေါ်လာ ၁ သိန်းကျော်ကို အရှုံးခံပြီး နုတ်ထွက်ခဲ့တာကြောင့် အသက်ဘေးကနေလွတ်မြောက်ခဲ့တယ် လို့ CNN ကို ဆိုပါတယ်။
.
“ပရိုဖက်ရှင်နယ်ဆန်တဲ့ ရေအောက်ခရီးစဉ်တစ်ခုမဟုတ်ဘူးလို့ သတိထားမိတဲ့အတွက် နုတ်ထွက်ခဲ့တာ” လို့ ခရစ် ဘရောင်း (Chris Brown) က CNN ကို ဆိုပါတယ်။
.
တိုင်တန်းနစ်သင်္ဘောပျက်ကို သွားရောက်ကြည့်ရှုဖို့အတွက် ၂၀၁၇ ခုနှစ်က အမည်စာရင်းပေးသွင်း ထားတဲ့ ခရစ် ဘရောင်းဟာ “ထိန်းချုပ်မှုပြင်ပမှာရှိနေတဲ့ အန္တရာယ်ဖြစ်နိုင်ခြေတွေ အများကြီး တွေ့ရှိရလို့” စရန်ငွေတွေကို အရှုံးခံပြီး နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။
.
အိုးရှင်းဂိတ်ကုမ္ပဏီရဲ့ တိုင်တန်ရေငုပ်သင်္ဘောဟာ အချိန်တိုအတွင်းမှာ အမြန်ပြီးစီးအောင် ကပြာကရာ တက်သုတ်ရိုက်ပြီး တည်ဆောက်ထားတာဖြစ်လို့ စရန်ငွေ ကန်ဒေါ်လာ ၁၁၀၀၀၀ (၃၈၇၃၄၈၅ ဘတ်) ကို အရှုံးခံပြီးနုတ်ထွက် ခဲ့တာလို့ ခရစ် ကဆိုပါတယ်။
.
သေဆုံးသူ ၅ ဦးအပေါ် အားလုံးကဝမ်းနည်းပူးဆွေးနေတဲ့အချိန်မှာ ဒီမာရဏခရီးစဉ်ကနေ လွတ်မြောက် ခဲ့တဲ့အတွက် မပျော်ရွှင်နိုင်ဘူးလို့ စူးစမ်းလေ့လာရေးပညာရှင်က ဆိုပါတယ်။
.

SHARE THIS NEWS

OTHER NEWS